part(86)

27.6K 1.8K 52
                                    

Unicode

"ဒိုးရေ...."

ခေါ်သံကြားတယ်..... ခေါ်သံကြားတယ်....

အပေါ်ထပ်က ဒိုးရေဆိုတဲ့အသံကို ကြားတာကြောင့် လုပ်လက်စအလုပ်ကို ထားခဲ့ပြီး ပြေးတက်ရတယ်။

ငြိမ်းက မူကြိုစတက်နေပြီ။
ဒါကြောင့် မနက်စာ ပြင်နေရင်းပဲ ငြိမ်းအတွက်ထမင်းဗူးကို ပြင်ဆင်နေရပြီ။
ငြိမ်းအတွက် ပြင်ဆင်ရမဲ့အတူတူဆိုပြီး ဒိုးက အားလုံးအတွက် တပါတည်းလုပ်လိုက်တော့တယ်။
မဟုတ်ရင် နေ့လည်စာကို အပြင်မှာစားကြတဲ့သူတွေလေ။ အန်တီက သူ့ဆိုင်အောင်ထပ်က မှာစားတယ်။
ကိုယ်ပိုင်တဲ့ဆိုင်ဆိုပေမဲ့လဲ စားသောက်ဆိုင်ပဲမှလား.... အိမ်ချက်လိုတော့ ဘယ်ဟုတ်ပါ့မလဲ။
ကိုလင်းထည်က ဆေးရုံမှာပဲ အဆင်ပြေသလိုစားတဲ့သူ။
ဒိုးရဲ့ ကိုကိုကတော့ အိမ်ကိုပြန်လာပြီး ဒိုးနဲ့တူတူစားတာပါ။ ဘယ်လောက်အလုပ်များများ ထမင်းကိုအိမ်မှာပဲ ပြန်စားတယ်။ တစ်ခါတစ်ရံ အလုပ်ကိစ္စစကားပြောရင်း ဧည့်သည်တွေကို ထမင်းကျွေးရမယ်ဆိုရင်တော့ အပြင်မှာစားတယ်။

အဲ့ဒီတော့.... မထူးဘူးလေ... ကိုကိုလဲ အိမ်ပြန်စားရတာ အလုပ်ရှုပ်တယ်။
အန်တီ့အတွက်....
ကိုလင်းထည်အတွက်....
ကိုကို့အတွက်...
ငြိမ်းအတွက်.... တပါတည်း ပြင်ဆင်လိုက်တော့တယ်။

မိုးလင်းရင်စောစောထပြီး ချက်ပြုတ်ပြင်ဆင်နေတဲ့ ဒိုးကို အခေါ်တော်ရှိနေတာကြောင့် ပြေးတက်ခဲ့ရတယ်။

"ကို..ကို..."

"အင်း.... ဒီနေ့...မောင်လို့ခေါ်...."

"ဖြစ်ပြန်ပြီ...ကိုကို...အင်း...မောင်က....မောင်ဖြစ်ပြန်ပြီလား"

"ဟုတ်တယ်....မောင် ဖြစ်သွားပြီ...."

အဲ့ကိစ္စလဲ ပြောပြရအုံးမယ်။
ကိုလင်းရိပ်တစ်ယောက်အဆန်းထွင်တာပါ။

အခုဆို ကိုကို...အဲလေ....မောင်နဲ့ဒိုး လက်ထပ်တာ ခြောက်လပြည့်ပြီ။
ကိုကိုလို့ခေါ်နေတာ အကောင်းသားနဲ့.... တစ်ခါ မောင်လို့ခေါ်ခိုင်းပြန်ရော... ဟော.... မောင် လို့ခေါ်လို့ ပါးစပ်ကလေးကများ ခေါ်ကျင့်ဖြစ်ပြီဆိုရင် ဒယ်ဒီခေါ်ပါ ဖြစ်ပြန်ရော။ အေး.... ဒယ်ဒီခေါ်နေရင်းကနေ ကိုကြီးလင်းရိပ်က လာပြန်ရော.... အဲ့လို လှည့်ပတ်ပြီး ခေါ်ပေးနေရတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ဒိုးက ရိုးသွားမှာစိုးလို့တဲ့။
ရိုးဖို့နေနေသာသာ သူ့တစ်ယောက်နဲ့တင် ဆယ်ယောက်စာလောက် ဂရုစိုက်ရတယ်။
အိမ်ထောင်ကျပြီးနောက်ပိုင်း ဒိုးမှာ ပျင်းချိန်လဲမရှိဘူး။
အားလဲ မအားဘူး။

ဒိုးကလေးWhere stories live. Discover now