Unicode
အိမ်ကိုပြန်ရောက်တော့.... ည ကိုးနာရီထိုးလုပြီ။
လင်းထည်ကစိတ်ပူပြီး အောက်ထပ်ဧည့်ခန်းထဲမှာပဲစောင့်နေတယ်။လင်းထည်ကို မြင်တော့အိမ်ထဲကို ဝင်မဲ့ ဒိုးခြေလှမ်းတွေ ရပ်သွားပြီး လင်းရိပ်ကိုယ်လုံးနောက်ကို မသိမသာလေးဝင်ပြီးကွယ်နေသည်။ မကွယ်လို့လဲမရ... လူကတော်တော်ဖရိုဖရဲဖြစ်နေတာ။
"ဘယ်လိုဖြစ်တာလဲ...."
လင်းရိပ်ကိုပဲကြည့်ပြီး လင်းထည်မေးတယ်။
"ကားဘီးနွံထဲကျွံတာလေ...."
"ဘယ်လို... မင်း ဘယ်သွားလို့ ကားဘီးက..."
"ပြောပြမယ်ကွာ... ဗိုက်လဲဆာနေပြီ.... ရေလဲချိုးချင်တယ်....ဖယ်"
"ဒိုး... အဆင်ပြေလား"
မှုန်ကုတ်ကုတ်နဲ့လင်းရိပ်ကြောင့် လင်းထည်က ဒိုးကိုလှမ်းမေးသည်။
"ဟုတ်....ပြေပါတယ်...ကိုလင်းထည်"
အသံလေးနဲ့ခေါင်းလေးနဲ့သာထွက်လာတာ... လူက လင်းရိပ်နောက်မှာ ကွယ်နေတုန်းပဲ။ လင်းထည် သဘောပေါက်ပြီ။ လင်းရိပ် ဒိုးကို တစ်ခုခုလုပ်လိုက်ပြီ။ ဒိုးမျက်နှာကငိုထားသလိုကိုဖြစ်နေတာ။
.
.
.
.ရေချိုး....ထမင်းစားပြီးတာကိုစောင့်ပြီး... လင်းရိပ်အခန်းထဲကို ဝင်ကြည့်တော့ မရှိဘူး။ ဒီကောင် ဘယ်ကိုများ ထပ်ပြီးပျောက်ရပြန်ပြီလဲ။
မဟုတ်မှလွဲရော.... ဒိုး အခန်းမှာလား....
.
.
."ဒိုး.... လင်းရိပ် ဒိုး အခန်းမှာလား"
အားနာနာနဲ့ပဲ ဒိုးကိုမေးရတော့သည်။
"မဟုတ်ဘူး....ကိုလင်းထည်....အောက်ထပ်မှာ ငြိမ်းကိုသိပ်နေတယ်"
တံခါးနောက်မှာပေါ်လာတဲ့ ဒိုးမျက်နှာလေးပျက်နေသလို အသံလေးကတိုးတိုးလေးရယ်။ လင်းထည် ဒိုးကို မေးမလို့ရှိသေးတယ်။
ငြိမ်းကိုချီပြီး ရောက်လာတဲ့ လင်းရိပ်.... သူကပဲတစ်ပြန်စီး ဒိုးအခန်းရှေ့မှာ မင်းဘာလာလုပ်နေတာလဲဆိုတော့အကြည့်နဲ့ လင်းထည်ကိုပြန်ကြည့်နေသေးတာ။
.
.
."ဒိုး... မရဘူး....ပါပါးဆီပဲ လုပ်နေတယ်"
ငြိမ်းက တအီအီနဲ့ငိုလဲမငိုနိုင်တော့ဘဲ လင်းရိပ်ပုခုံးပေါ်မှာခေါင်းတင်ပြီးအိပ်ချင်တာကိုတင်းခံနေတယ်။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။