part(25)

26.1K 2.4K 60
                                    

Unicode

အပြင်မှာနေရောင်က ကျနေပြီ။
မနက်ကတည်းက ရောက်လာတဲ့ လင်းထည်က ဒိုးကိုချော့နေဆဲ... ငြိမ်းကပြန်လာလိုက်... သူ့ပါပါးစိတ်ဆိုးနေတာမြင်ပြီးပြန်ပါသွားလိုက်နဲ့ ကလေးခမျာလဲ မတည်ငြိမ်ရှာ။

ဒေါ်ရွှေလဲတူတူပဲပေါ့... ဝင်လာလိုက် အခြေအနေကြည့်ပြီးပြန်ထွက်သွားလိုက်နဲ့ပဲပေါ့။ ဒေါ်ရွှေသဘောထားအရသာဆိုရင် လင်းထည်တို့နဲ့ပဲလိုက်သွားစေချင်သည်။ ဒိုးဆုံးဖြတ်ချက်ကြောင့်သာ ဘာမှဝင်မပြောတာ... ဒိုးတို့သားအဖနှစ်ယောက်ထဲတော့ ဒေါ်ရွှေလဲ အဝေးကိုလွှတ်ရတာစိတ်မချပါ။

အနက်စာတနပ်လွတ်သွားခဲ့ပြီ။ လင်းထည်ရော ဒိုးရော နေရာမှမရွှေ့ကြသေး။ ပြောလိုက် မောလိုက် နားလိုက်နဲ့ပဲ တစ်နေကုန်လုပြီ။
ဒိုးလဲ ခေါင်းမညိတ်သေးသလို လင်းထည်လဲဇွဲမလျှော့သေး။ ဒိုးကို လိုက်ခဲ့ပါလို့တဖွဖွတောင်းဆိုသည်။ ဒီနေ့သာရောက်မလာမိခဲ့ရင် ဒိုးတို့သားအဖကိုရှာလို့ပင်ရနိုင်တော့မည်မထင်ပါ။ ဒါကြောင့် ထားခဲ့ရမှာကို စိတ်မအေးတော့။
တွေးရင်း ကြောက်ပါကြောက်လာသည်။ ဒိုး တကယ်ကို အဆိပ်ပြင်းသည်။

ဒိုးသည် သူ့သမီးဇောနဲ့စိတ်လိုက်မာန်ပါ လုပ်ဖို့ကြံစည်နေခဲ့တာ။
အမှန်တရားနှင့်ကင်းလွတ်သောအတွေး လူတွေကိုမယုံကြည်နိုင်တော့သော အကြောက်တရားပဲ ဒိုးမှာရှိနေသည်။
လင်းထည် စိတ်မကောင်းပါ။
ဒိုးသည် မိဘတွေကိုဆုံးရှုံးခဲ့သည်သာမက တစ်ဦးတည်းသောအစ်မကိုပါ ဆုံးရှုံးခဲ့ရပြီးပြီ။
ကလေးတစ်ယောက်နှင့်ဘဝကိုဖြတ်သန်းနေရသူ ဒိုးသည် အသက်အရွယ်အားဖြင့် ဆယ့်ကိုးနှစ်သာရှိသေးသူ။

လင်းရိပ်နှင့်လင်းထည် ဆယ့်ကိုးနှစ်အရွယ်ကဆိုရင် ကဲကောင်းတုန်း သုံးကောင်းဖြုန်းကောင်းတုန်းပင်ရှိသေးတာ။ ဒိုးကို ကြည့်ရင်း လင်းထည် မောလှပြီ။ ဒိုးကိုအမှတ်တကယ်ပင်အေးချမ်းစေချင်ပါသည်။

ထင်ရှားကျော်ကြား၏အရိပ်သည် ဒိုးနှင့်ငြိမ်းတစ်သက်လုံး အေးချမ်းစွာနားခိုနိုင်မည့်နေရာဟု ဒိုးကို ဘယ်လိုရှင်းပြပြီးဘယ်လိုသက်သေပြရမည်ကို လင်းထည် မသိသေး။ ဒါ​ကြောင့်တဆင့်ချင်း ဆွဲခေါ်ယူဖို့တွေးရသည်။

ဒိုးကလေးWhere stories live. Discover now