part(4)

32.8K 3.2K 36
                                    

Unicode

အံ့သြရတာပေါ့။ တစ်ချိန်လုံးငြိမ်နေတဲ့သူက ဒီစကားပြောလေတော့။ ဟုတ်တော့လဲ ဟုတ်သည်။ ကျောင်းက တက်လက်စကြီး ဒိုးရော ကြည်ပြာရောလေ။ဒါကြောင့် အန်တီမူကလဲ အိမ်မပြန်လို့မဖြစ်ဘူးဆိုတော့ ဒိုးတို့မောင်နှစ်မထံ မကြာ မကြာလာကြည့်မည်။ လောလောဆယ်တော့ အန်တီဝေတို့ကပဲစောင့်ရှောက်ထားရဖို့ စီစဥ်လိုက်ကြတော့သည်။

ကြည်ပြာမှာ ဒိုးရှိနေသေးတာပဲ...မကြောက်ပါ။ ဒိုးမှာ ကြည်ပြာရှိသည်...အားငယ်စရာမလို။
မောင်နှစ်မနှစ်ယောက် စကားကို အေးအေးဆေးဆေးမပြောရသေးတော့ စကားတွေအများကြီးပြောမည်။ ဒိုးကို နှစ်သိမ့်မည်။ အားပေးမည်။ စောင့်ရှာက်မည်။

ကြည်ပြာတို့မောင်နှစ်မကို ချက်ပြုတ်မစားဖို့ အန်တီတို့ကပြောသည်။ ကြည်ပြာ လက်မခံပါ။ ကိုယ်တိုင်ပဲ မောင်နှစ်မနှစ်ယောက် ချက်သည်။ အိမ်အလုပ်လုပ်နေရတော့ ပိုနီးကပ်ပြီး ပိုစကားပြောဖြစ်ကြသည်လေ။ ညဘက်ကို အန်တီတို့တွေ တစ်ယောက်ယောက်လာအိပ်ပေးသည်။ တစ်ချို့အန်တီတွေမှာ ဒိုးထက်ငယ်သည့်ကလေးငယ်တွေ ရှိတော့ ညလာအိပ်ရင်ခေါ်လာတတ်ကြသည်။ ဒိုးက ကလေးတော့ ချစ်တတ်သည်။ ကလေးတွေလာရင် ပိုပြီးအဆင်ပြေသည်။ မြင်ရခဲတဲ့ ဒိုး အပြုံးပါ မြင်ရသည်။

စာကတော့ နှစ်ယောက်လုံး ပြောစရာမလိုသူတွေမို့ အဆင်ပြေသည်။
ကြည်ပြာ က ဆယ်တန်းကို ဂုဏ်ထူးပါချင်မိသည်။ ကျောင်းကောင်းကောင်းတက်ပြီး အလုပ်ကောင်းကောင်းလုပ်ချင်သည်။ လောကအလယ်မှာ ပညာနှင့်တင့်တယ်အောင်နေချင်သည်။ ဒိုးကိုလဲ ပညာတတ်ဖြစ်စေချင်သည်။
စိတ်ဓာတ်အရာ မာကြောသော ကြည်ပြာသည် ကြာကြာမကြေကွဲနိုင်ပါ။ အမေ့ကိုလွမ်းသည့်စိတ် သတိရသည့်စိတ်အား ဒိုးအပေါ် ပိုဂရုစိုက်ခြင်း စောင့်ရှောက်ခြင်းနှင့် ဖြေသိမ့်မည်။

ကြည်ပြာ က ဒိုးကို အမေ့အစား မမကို စကားပြောပါ။ ကြိတ်မခံစားပါနဲ့...ဟုပြောတိုင်း ဒိုးက မျက်ရည်လည်နေသော မျက်လုံးများနှင့်ကြည့်ပြီး ခေါင်းညိမ့်ပြရှာသည်။ ကြည်ပြာ က ဒိုးရှေ့မှာ မငိုတော့ပါ။ ဒိုးလဲ ကြည်ပြာ ရှေ့မှာ မငိုဘူး။ ဒိုး ကကြည်ပြါရဲ့ကွယ်ရာမှာ ကြိတ်ငိုနေမည်လား စိုးရိမ်လို့ ကြည်ပြာ ဂရုစိုက်သည်။ မျက်စိရှေ့မှာပင်အပျောက်မခံ။ ကျောင်းမှာဆိုလဲ ဆရာမတွေကို ကြည်ပြာ အမြဲမေးသည်။ ဒိုး အဆင်ပြေရဲ့လားပေါ့။ ဆရာမတွေကလဲ ဒိုးကိုကြည့်ပေးကြပါသည်။ ချစ်လဲ ချစ် သနားလဲ သနားကြတာကိုး။
နေ့လည် ထမင်းစားဆင်းချိန်ဆိုရင် ဒိုးအခန်းရှိရာ ပြေးပြီးတူတူစားရသည်။ အဲ့လောက်ထိ ကြည်ပြာ ဒိုးကို ဂရုစိုက်ပေးသည်။

ဒိုးကလေးOnde histórias criam vida. Descubra agora