part(67)

32.9K 2.3K 41
                                    

Unicode

နို့စိမ်းခေါက်ဆွဲနံ့က အိပ်ယာနိုးတာနဲ့နှာခေါင်းဝကိုရောက်လာသည်။

ဒိုး.... မနက်စာချက်နေတာပဲဖြစ်ရမယ်။
ဒိုးလက်ရာ မနက်စာတွေထဲမှာ နေ့လည်စာလွတ်အောင်အထိ လင်းရိပ်စားတတ်သောအစားအစာမှာ နို့စိမ်းခေါက်ဆွဲပဲဖြစ်သည်။ တစ်ပတ်ကိုတစ်ကြိမ်တော့ ဒိုးကရအောင်ချက်ပေးတတ်သည်။ နှုတ်ကဖွင့်မပြောတတ်တဲ့ ဒိုးရဲ့လုပ်ရပ်လေး။
.
.
.

အားလုံး ထမင်းစားပွဲဆီရောက်တော့ ဒိုးလဲ ပြင်ဆင်ပြီးပြီ.... စားရုံအသင့်ဖြစ်ပြီ။ လွမ်းနေရသောလက်ရာလေးပါ.... ကြာတောင်ပေါ့ မစားရတာ..... တစ်လလောက်ရှိရော့မည်။ ဒါကလဲ ဒိုးကချက်ပေးပေမဲ့ ကိုယ်ကပိုးသားကိစ္စတွေနဲ့မို့ မစားဖြစ်ခဲ့တာ။
.
.
.

ဒိုးကတော့ပုံမှန်အတိုင်းလေးပါပဲ... လုပ်စရာရှိတာကိုပဲ တည်တည်ငြိမ်ငြိမ်လေးနဲ့လုပ်နေတယ်။
မတည်ငြိမ်တာက သပ်သပ်တစ်ယောက်။
ဆံပင်လေးထုံးပြီး အင်္ကျီလက်ရှည်လေးကိုတစ်ဝက်ခေါက်ထားတာ.... ဖြူဥနေတဲ့ လက်ကလေးကကိုက်ဆွဲချင်စရာလေး။
ပြောင်ရှင်းနေတဲ့ မျက်နှာလေးကအေးအေးတည်တည်လေး။
ဒိုးကို ဒီလိုလေးတွေ့နေရရုံနဲ့ ရောင့်ရဲတင်းတိမ်မှု မရှိသူမှာတော့.... ခက်ပြီးရင်းခက်နေတာပေါ့။ ဒိုးကိုငေးရင်း ရင်တွေထဲဗြောင်းဆန်ဘောင်းလန်လာတဲ့အချစ်စိတ်တွေ။ ဒါကြောင့်ပဲ ဒိုးကိုပိုင်ဆိုင်ခွင့်ရချင်တာ။
မိုးလင်းလို့ အိပ်ယာနိုးတာနဲ့ပထမဆုံးသတိရမိတာ ဒိုးပဲ။
.
.
.

"ဒိုးရေ.... စားလို့ကောင်းတယ်.... ဒါပေမဲ့ နောက်နေ့တွေ ထ မချက်နဲ့တော့.... ဒိုး အိပ်ရေးဝအောင်အိပ်ပြီး ကျန်းမာအောင်နေဦး....ဒီနေ့လဲ နားလိုက်တော့နော်.... ဟင်းတွေဝင်မချက်နဲ့"

အန်တီက စိတ်ပူပန်မှုအပြည့်နဲ့ ဒိုးကိုပြောတယ်။

"ဟုတ်..... ဒိုး အဆင်ပြေပါတယ်....အန်တီ.... ဟိုလေ.... ပြီးတော့...ဟင်းချက်စရာ ဝယ်ရမဲ့နေ့ရောက်ပြီ"

"ဟုတ်လား..... ဒီနေ့လား....အန်တီနဲ့လိုက်ခဲ့လေ"

"မနက်ဖန်မှပါ...အန်တီ.... စျေးသွားရင်စောစောလေးပဲ သွားချင်လို့ ကြိုပြောတာပါ"

ဒိုးကလေးWhere stories live. Discover now