part(21)

25.2K 2.4K 55
                                    

Unicode

ကြီးကြီးက သက်ပြင်းသဲ့သဲ့ချသည်။

"ဒိုး... စိတ်ရှုပ်နေပြီလား... ကြီးကြီးရှင်းပြပါ့မယ်ကွယ်... ခဏပါပဲ"

ဒိုးက ယောဂီကြီးကြီးကိုရော အန်တီကြီးကိုပါကြည့်ရင်း အားလဲနာသည်။ ပြန်မှဖြစ်တော့မည်ကိုလဲသိသည်.. စိတ်တွေဂယောင်ဂလည်ဖြစ်နေရတော့သည်။

ယောဂီအန်တီကြီးကပဲ ရှင်းပြနေသည်။
သူတို့ပြောပုံအရ... ငြိမ်းက လူဝင်စားလေး... ဒါကို ဒိုးနဲ့နေစဥ်က အရိပ်အယောင်မပြပေမဲ့ သူ့​ဆွေမျိုးဟောင်းတွေနဲ့ပြန်တွေ့တော့ပြသည်။
အခေါ်အဝေါ်တွေက ထူးဆန်းသလို... အပြုအမူကလဲ ထူးဆန်းသည်။ ဒါကို ဒိုးလက်ခံပါသည်။ မနေ့ကတည်းက ဒီတရားစခန်းကိုရောက်ကတည်းက ငြိမ်းကထူးဆန်းနေတာ။ ဒိုးက အလုပ်ကူဖို့လိုက်လာတာမို့ ကလေးကိုတပိုက်ပိုက်လုပ်မနေမိခဲ့ပေမဲ့ မျက်စိအောက်မှာပဲထားတာပါ။ ထားရင်းနဲ့ကို လွတ်ထွက်နေတော့တာကို ဘယ်လိုမှတားဆီးမရ။

ငြိမ်းသည် ဒိုးကိုစကားပြောတတ်စကတည်းက ခဏ ခဏ ပြောသောစကားမှာ အိမ်ရှိတယ်... ပါပါးနဲ့တူတူသွားမယ်... ငြိမ်းမှာပိုက်ဆံရှိတယ်... ဒါတွေပဲ ဖြစ်သည်။ ထိုစကားများကို ငြိမ်းမကြာခဏပြောတတ်သည်။
ဒိုးက အမှုအမှတ်မဲ့ထားခဲ့ခြင်းသာ။

ကလေးဆိုတာက နေ့စဉ်ကြုံတွေ့ရတဲ့ပတ်ဝန်းကျင်ကစကားများကိုမှတ်ပြီး ပြန်ပြောတတ်သည့်အကျင့်ရှိတာကြောင့် ဒိုးကသိပ်အလေးမထားခဲ့။
ခုတော့... ငြိမ်းကို တချီချီ တပွေ့ပွေ့နှင့် ခွဲချင်ဟန်မရှိသောလူကြီးတွေကြောင့် ဒိုး စိတ်ညစ်လှပြီ။ ပြီးတော့.... လင်းရိပ်ထင်ဟူသော နာမည်ကို ထပ်မကြားချင်တော့ပါ။ ဒီနာမည်ကိုကြားလိုက်ပြီးကတည်း​က ဒိုးမျက်နှာပျက်တာလုံးဝထိန်းမရ။

သူတို့သိတာ အပေါ်ယံပဲရှိသေးသည်။
ထိုမျှလောက်နဲ့ အဆုံးသတ်ချင်သည်။
ငြိမ်းနှင့် ယခုထက်ပို​ပြီးပတ်သက်လာပါက... ကျန်သောအကြောင်းအရာတွေကို ဖုံးကွယ်ထားလို့ရစရာ အကြောင်းမရှိမှာလဲစိုးရိမ်သည်။
ဒိုး ကြောက်သည်။
သွေးက စကားပြောနေပြီ။
အကြောင်းအရာတိုက်ဆိုင်မှုပေါင်းများစွာကလဲ ရှိနေပြီ။
တကယ်ပဲ ငြိမ်းက သူ့အဖေနဲ့တူနေ​ပါသလား။
မတူရင်အရမ်းကောင်းမှာပဲနော်။

ဒိုးကလေးWhere stories live. Discover now