part(14)

23.9K 2.3K 16
                                    

Unicode

ဆည်းဆာ ဒီရက်ပိုင်း လင်းထည်ကိုရှောင်နေမိသည်။
လူမှားတာ ကိုယ်ဖြစ်ခဲ့ပေမဲ့ သူ့အကြောင်းတွေစုံစုံလင်လင်ပြောမပြခဲ့တာကို မုန်းသည်။
လင်းထည် ဆည်းဆာကိုချစ်တာသိပေမဲ့....ဆည်းဆာ မကျေနပ်နိုင်။
ဆည်းဆာ ဖြစ်ချင်တာ ချမ်းသာဖို့လေ။ လုံခြုံစိတ်ချရသည့်အခြေအနေအထိချမ်းသာဖို့ဖြစ်သည်။

ယောကျားတွေသည် ဆည်းဆာအတွက် အချစ်ကိုဖန်တီးမပေးနိုင်တာ ကြာခဲ့ပြီ။ လင်းရိပ်ပဲ​​ဖြစ်ဖြစ် လင်းထည်ပဲဖြစ်ဖြစ် ဆည်းဆာအတွက်ကတော့ ထင်ရှားကျော်ကြားရဲ့တစ်ဦးတည်းသော သားကိုပဲပိုင်ဆိုင်ချင်တာ။

စိတ်ညစ်နေတဲ့ ဆည်းဆာ ထွက်ပေါက်အနေနဲ့.....ဘားကိုနေ့တိုင်းလာမိသည်။ ဆည်းဆာနေ့တိုင်းလာတာကြောင့် ဒီဆိုင်မှာမိတ်ဆွေအသစ်တွေပင်ရနေပြီဖြစ်သည်။ ငယ်ငယ်တုန်းကပေါင်းသင်းလာတဲ့သူငယ်ချင်းတွေကိုလဲ ဆည်းဆာ စိတ်ပေါင်းကိုယ်ခွာဖြစ်လာခဲ့တာကြာပြီ။ လူချမ်းသာအသိုင်းအဝိုင်းကို တဖြည်းဖြည်းတိုးဝင်နေမိတယ်။ ပြောမယ်ဆို ဒီလိုနည်းလမ်းသည်အောက်လမ်းနည်းဖြစ်ပေမဲ့ ချမ်းသာဖို့အတွက် ဆည်းဆာလုပ်စရာဒီလမ်းပဲရှိသည်လေ။

ကံကြမ္မာသည် ဆည်းဆာဘက်တွင် ရှိခဲ့လေသည်လားမသိ။
ဒီနေ့ လင်းရိပ်ထင်ကို ဆည်းဆာထိုင်နေကျဘားမှာတွေ့လိုက်ရသည်။ လင်းရိပ်ထင်နောက်ကို ဆည်းဆာ လိုက်ပြီးစုံစမ်းနေခဲ့ရတာ.....ဘယ်လိုချည်းကပ်ရမှန်းမသိလို့ ခက်နေခဲ့တာ...ခုတော့...ရေကန်အသင့် ကြာအသင့်ဖြစ်နေပြီ။
ပိုပြီးကံကောင်းတာက...လင်းထည် ပါမလာခဲ့။ ဘယ်လောက်ပဲ လင်းရိပ်ထင်ကိုကပ်ချင်သည်ဖြစ်စေ.... လင်းထည်နဲ့တည့်တည့်တိုးမှာကိုတော့ ဆည်းဆာနည်းနည်းလန့်သည်။

ရင်းနှီးနေတဲ့ စားပွဲထိုးလေးကို အကူအညီတောင်းကာ လင်းရိပ်ထင်တို့ဝိုင်းကို သွားဖို့ပြင်သည်။
ဆည်းဆာယူလာပေးတဲ့အရက်ခွက်ကို လင်းရိပ်ထင် သောက်လိုက်တာသေချာသွားသည်နှင့် ဆည်းဆာ ထွက်လာခဲ့တော့သည်။

မကြာပါ....လင်းရိပ်ထင် toilet ဘက်ကို ဒယီးဒယိုင်နဲ့လျှောက်လာတော့သည်။
ဆည်းဆာမျက်နှာမှာ အပြုံးကြီးကြီးတစ်ခု ဝင်လာတော့သည်။
Toilet ထဲဝင်မည့် လင်းရိပ်ထင်ကို ဆည်းဆာက နံရံကိုမှီပြီးကြည့်နေလိုက်သည်။

ဒိုးကလေးWhere stories live. Discover now