part(24)

24.1K 2.4K 9
                                    

Unicode

မဖြစ်နိုင်တာ....
လုံးဝလက်မခံနိုင်ပါ။

"ရပြီ... ဒီလိုစကားပြောမယ်ဆိုတာသိတယ်... ကျွန်တော်လက်မခံနိုင်ဘူးဆိုတာလဲ ခင်ဗျားသိမှာပေါ့"

ဒိုးက ငြိမ်းကိုတင်းကျပ်စွာပွေ့ရင်း ခပ်ပြတ်ပြတ်ပင်ငြင်းသည်။
သူသည်လဲ လွယ်လွယ်လက်လျှော့မည့်ပုံတော့မပေါ်ပါ။

"ဒိုး... ဒိုးသမီးက အမြဲ ဒိုးရဲ့သမီးပါပဲ... ကိုယ်တို့က ဒိုးတို့သားအဖကို စောင့်ရှောက်ချင်တာပါ... ဒိုးကမသိစေချင်ရင် ကိုယ် ကာကွယ်ပေးလို့ရတယ်... ဘယ်သူမှမသိအောင် ဘာမှမပြောဘဲနေလို့ရတယ်... ဒီတိုင်းနေမဲ့အစားလေ  ငြိမ်းအတွက်ရော... ဒိုးအတွက်ပါ..."

"​ပြန်တော့ဆို ပြန်တော့နော်... ခင်ဗျားနဲ့ဆက်မပြောချင်တော့ဘူး"

"ဒိုး... ကိုယ်ကတောင်းပန်နေတာ...လင်းရိပ်သိရင် တီလေးသိရင် မင်းအတွက်မကောင်းနိုင်ဘူး... ခုကိုယ်ပြောတာကို ဒိုးစဥ်းစားပေး.. နောက်တစ်ပတ်ပိတ်ရက် ကိုယ်ပြန်လာခဲ့မယ်... နော် ဒိုး"

လင်းထည်ကို ဘာမှပြန်မပြောပါ။
ငြိမ်းကိုချီပွေ့ပြီး တစ်ချက်နမ်းတော့ပြန်ဆွဲယူသည်။
ငြိမ်းကိုဖက်ထားရခြင်းက လင်းထည်အတွက် ခံစားချက်တစ်မျိုးဖြစ်စေသည်။
လင်းရိပ်သာဆိုရင်.... လင်းထည်နေရာမှာ လင်းရိပ်ဆိုရင်ရော ဘယ်လိုဖြစ်သွားနိုင်မလဲ တွေးရုံနဲ့ပင်ရင်တွေတလှပ်လှပ်ဖြစ်ရသည်။
.
.
.
ဒိုးတို့သားအဖကို နှုတ်ဆက်ပြီး ပြန်ခဲ့ရသည်။
ဒေါ်ရွှေဆိုသော အဒေါ်ကြီးကိုလဲ ဒိုးတို့ကိုစောင့်ရှောက်တာကျေးဇူးတင်ကြောင်းနှင့် ထပ်ပြီးဂရုစိုက်ပေးဖို့မှာခဲ့ရသည်။ ဒိုးနဲ့ငြိမ်းအတွက်လုံခြုံသောပတ်ဝန်းကျင်ဖြစ်နေတာကိုသာ အထပ်ထပ်ကျေးဇူးတင်ရပါသည်။
.
.
.
.

ဒိုးကို ဖျောင်းဖျဖို့အတွက် ပိတ်ရက်တိုင်း ဒိုးနဲ့ငြိမ်းရှိရာ တီလေးနဲ့ လင်းထည်လာခဲ့ကြရသည်။

ဒီတစ်ခေါက်နှင့်ဆိုလျှင် ဒိုးတို့သားအဖဆီလာခဲ့ကြတာ... ငါးပတ်မြောက်ခဲ့ပြီ။
တီလေးရဲ့ ငြိမ်းအပေါ်ထားတဲ့ စိတ်တွေကလည်းထိန်းမရအောင်ဖြစ်နေပြီ။
ဒိုးကလဲ ခေါင်းမာဆဲ။
ငြိမ်းကတော့ ပိတ်ရက်တိုင်းရောက်လာတတ်သည့် လင်းထည်နဲ့ တီလေးကို တိတ်တိတ်လေးမျှော်တတ်နေပြီ။
ငြိမ်းအတွက် အရုပ် မုန့် မရိုးရအောင်တစ်ပတ်တစ်ပတ်စားမကုန်အောင်ဝယ်လာတတ်တာကြောင့် ငြိမ်းက ကလေးပီပီပင်ပျော်နေရှာသည်။
သူ့ပါပါးစိတ်ဆိုးမှာကိုလဲ ထိုကလေးကသိသေးသည်။ ဒါကြောင့် မျှော်သာမျှောတာ ထုတ်မပြောတတ်။

ဒိုးကလေးWhere stories live. Discover now