Unicode
ဒိုးတို့မိသားစုရဲ့ ပျော်ရွှင်ဖွယ်နေ့ရက်များစွာကိုဖြတ်သန်းနေမိတယ်။
ဒီလိုနဲ့ပဲ...တစ်ရက်မှာ....
"ဒိုး.... ကိုယ်စကားပြောချင်လို့.... အချိန် ခဏရလား"
ဒိုး အခန်းထဲမှာ အဝတ်ချုပ်နေတဲ့အချိန်ဝင်လာပြီး ကိုလင်းထည်ကပြောတယ်။ ကိုကိုက အပြင်သွားနေတာမို့မရှိဘူး။
"ရတယ်....ပြောပါ ကိုလင်းထည်.... ဒိုး အပြင်ထွက်လာခဲ့မယ်လေ"
လုပ်လက်စကိုရပ်ကာ ဒိုးကအပြင်ကိုထွက်ပြီး ကိုလင်းထည်နောက်ကိုလိုက်ခဲ့တယ်။
အခန်းထဲမှာထိုင်ပြီးစကားပြောကြရင်လဲ ရတာပေမဲ့ ဒိုးရဲ့လင်တော်မောင်က တစ်ခါတစ်လေ ကိုလင်းထည်ကို သဝန်တိုချင်တိုနေတတ်တာ။
ကိုလင်းထည်က ဒိုးကို ရိုးရိုးသားသားပဲဆိုတာသိနေပေမဲ့ သူကမရဘူး။
သူသိရက်နဲ့ကို ကိုလင်းထည်နဲ့ဒိုးကိုစတ်မချသလိုအမြဲလုပ်တာမို့ ဒိုးမှာ ကြားက အရမ်းအားနာရတယ်။
ကိုလင်းထည်က သူ့အကြောင်းသိလို့ စိတ်မဆိုးဘူး။ စိတ်မဆိုးပေမဲ့ ညီအစ်ကိုနှစ်ယောက်က ရွဲ့တတ်ကြသေးတာကြောင့် ဒိုးမှာ ကြားကနေအနေခက်ရတယ်။ကိုကိုရယ် ကိုလင်းထည်နဲ့တော့သဝန်မတိုပါနဲ့လို့ ဒိုးကပြောတော့ လင်းထည်ကို စတာတဲ့လေ။ သူ့ညီအစ်ကို တစ်ယောက်ကိုတစ်ယောက် စကြနောက်ကြတာကအရေးမကြီးဘူး။ တကယ်အတည်ကြီးထင်နေတဲ့ ဒိုးပဲ ဆေးသောက်သက် ပိုပြီးကြာသွားနိုင်တယ်။ ကိုကိုက စတယ်နောက်တယ်ပြောလဲ ဒိုးကတော့ အနေအထိုင်ဆင်ခြင်နေရမှာပဲ။
ဒိုးကကိုကို့အိမ်ထောင်ဖက်လေ.... လူလွတ်မှမဟုတ်တော့တာ။
.
.
.ကိုလင်းထည်လဲ အခုတလော အလုပ်များပုံရတယ်။
စက်ရုံဘက်မှာ ဒိုးက ကူနေနိုင်တာကြောင့် စက်ရုံဘက်ကိုဆိုလုံးဝမလာနိုင်တော့ဘူး။ ကိုလင်းထည်က ဆေးခန်းမထိုင်ဘူး။ အရင်ကတည်းက ဆိုင်အလုပ် စက်ရုံအလုပ်တွေကူနေရသူမို့ ဆေးရုံပဲသွားတယ်။
ဆေးခန်းမထိုင်နိုင်ဘူး။
ကိုလင်းထည်သူငယ်ချင်းတွေဆို ကိုယ်ပိုင်ဆေးခန်းကြီးတွေရှိကြတယ်။
အခုရက်ပိုင်းတော့ ကိုလင်းထည်လဲ အိမ်ကိုမပြန်နိုင်လောက်အောင် အလုပ်များနေတယ်။ အိမ်ပြန်လာရင်လဲနောက်ကျတာမို့ ဒိုးနဲ့ဆိုရင်မတွေ့ရတဲ့ရက်တွေတောင်ရှိလာတယ်။
.
.
.
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။