part(3)

32.5K 3.2K 51
                                    

ထိုအချိန်...အိမ်ရှေ့ကို ကားတစ်စီးရပ်လာပြီး မိန်းမတစ်ယောက်ပြေးဆင်းလာသည်။

"သူငယ်ချင်း.....သူငယ်ချင်းမကြီးရေ....."

ငိုသံနှင့်အတူ ဝင်လာတဲ့သူကို ဒီရပ်ကွက်ကအန်တီကြီးတွေအားလုံး မျက်မှန်းတမ်းမိသည်မို့ မျှော်နေသူရောက်လာတာမှန်းသိကြသည်။

သွားလေသူရဲ့ချစ်လှစွာသော သူငယ်ချင်းဖြစ်သည်။ ကြည်ပြာတို့အဖေ ဆုံးပါးသွားပြီးနောက်မှာ ဒီမိသားစုကို တစ်နည်းတစ်ဖုံစောင့်ရှောက်နေသူ။ ကြည်ပြာ အမေရဲ့အရင်းနှီးဆုံးသူငယ်ချင်း တိုင်ပင်ဖော် လုပ်ငန်းပါတနာဆိုရင်လဲ မမှားပါ။

သေဆုံးသူရဲ့ အလောင်းနား ဖြေမဆည်နိုင်အောင် ငိုကြွေးသည်။ ဘေးကလူတွေလဲ ထပ်ငိုကြပြန်သည်။
ငိုနေလို့ ဘာမှ ထူးမလာနိုင်မှန်းသိသည့်တိုင် ရူးမတတ်ငိုနေကြဆဲ။

အားကိုးရာရှိသွားသလိုပင် ကြည်ပြာ အန်တီမူမူနွဲ့အသံကြားသည်နှင့် အခန်းထဲမှ ပြေးထွက်လာသည်။
ကြည်ပြာကိုမြင်ပြန်တော့ ဖက်ကာငိုကြပြန်သည်။

အန်တီမူမူနွဲ့ရဲ့ ယောကျားဖြစ်သူ ဦး​အောင်ထက်ကတော့ အိမ်အောက်ကနဖျင်းထဲမှ ထိုင်ခုံတစ်ခုတွင်ထိုင်လို့သာနေသည်။ အိမ်ပေါ်ပင်မတက်။ သူသည်လဲ စိတ်မသက်မသာခံစားချက်ကြီးကြောင့်ထင်သည်။ မျက်နှာပျက်လွန်းသည်။

"အားမငယ်နဲ့ ကြည်ပြာလေး...အန်တီမူ ရှိတယ်...ခုချိန်ကစပြီး အန်တီမူရဲ့ သားသမီးဖြစ်သွားပြီ....သမီး အားငယ်စရာမလိုဘူး....နော်"

"ဟုတ်....."

"ဒါနဲ့....ဒိုးကလေးရော... ဘယ်မှာလဲ....ငိုနေလား..သားငယ်လေး.....ဟင်"

ဒိုးကိုမတွေ့တော့ ကြည်ပြာကိုမေးတော့သည်။
ကြည်ပြာ ဒိုးအကြောင်း ပြောပြထားလိုက်သည်။
ညနေတော့ ဆေးခန်းပြချင်ကြောင်းပေါ့။
ဒိုးက ဘာတွေတွေးနေမှန်းသေချာမသိရသေး။ ဒါကြောင့် စိတ်ပူသည်။ စကားနည်းရတဲ့အထဲ အဖြစ်အပျက်တွေက ဒိုး ခံနိုင်ရည်ရှိစရာ အကြောင်းလုံးဝမရှိ။
.
.
.
.
ညနေ ဆေးခန်းပြတော့....ဆရာဝန်က ဒိုးကို သေချာစစ်ဆေးပေးပါသည်။ အမေ သေဆုံးသွားတာကို ဒိုးက သိသည်။ လက်ခံနိုင်ခြင်းတစ်ဝက် လက်မခံနိုင်ခြင်းတစ်ဝက်နှင့် ဖြစ်နေရှာတာ။ ဒါကြောင့် အမေ သေပြီဟူသောအတွေးဝင်လာရင် ငို ပြီး ခဏနေသူ့စိတ်ကိုသူပြန်ထိန်းပြီး အမေသူ့အနားအမြဲရှိမှာပဲဟု ပြန်တွေးမိချိန်ဆို တည်ငြိမ်သွားခြင်းဖြစ်သည်တဲ့။
ပြင်းထန်သည်ဟု မဆိုသာသော်လည်း ပေါ့လို့တော့မရပါတဲ့။ အားကိုးသူမိသားစုဝင်တစ်ယောက်ယောက် ဆုံးပါးချိန်မှာ ပုံမှန်လူတွေပင်ဖြစ်တတ်သည့် စိတ်ဂယောက်ဂယက်ခံစားချက်ပါတဲ့။ ဂရုစိုက်ပေးဖို့နဲ့ တဖြည်းဖြည်းနားလည်သည်အထိ ပုံမှန်ခံစားချက်နှင့်လက်ခံလာသည်အထိတော့ ကြိုးစားပြီးလုပ်ပေးကြရမည်။
စကားများများပြောပေးခြင်းနှင့် စိတ်ပေါ့ပါးအောင် လုပ်ပေးဖို့ရာမှာ....ဒိုးက ခက်ခဲသည်။
ဒါပေမဲ့...ကြည်ပြာ ဘာများတတ်နိုင်အုံးမှာလဲ။
တစ်ဦးတည်းရှိတော့သည့် မိသားစုဝင်....ပြီးလျှင် အမေ့ကိုမမှီပေမဲ့ ဒိုးက ကြည်ပြာ အသက်တမျှချစ်ရသည်သူမဟုတ်လား။ ကြည်ပြာ အားတင်းကျောဖြတ်ရမည်ပဲ ဖြစ်သည်။
ဒိုးကို အထိအခိုက်မခံနိုင်ပါ။

ဒိုးကလေးWhere stories live. Discover now