part(34)

24.9K 2.3K 27
                                    

Unicode

လင်းရိပ် ဒီရက်ပိုင်း အိမ်မှာသိပ်တော့မရှိဘူး။
လင်းရိပ်ပြန်ရောက်နေတာသိသွားတဲ့သူငယ်ချင်းတွေက လာ လာခေါ်တာကြောင့် အပြင်ထွက်နေမိတာများတယ်။
ပြီးတော့ မေမေ့အလုပ်တွေလဲကူရတာပေါ့။
လင်းရိပ်ပြန်ရောက်လာတော့ လင်းထည်လဲအနားရတယ်။
မဟုတ်ရင် ဆေးရုံတစ်ဖက် အလုပ်တစ်ဖက်နဲ့ လင်းထည်မသက်သာဘူး။
လင်းရိပ်ပြန်ရောက်လာတော့ အိမ်မှာရောအလုပ်မှာပါ လည်ပတ်နေကျအရာတွေကပုံမှန်ထက်ပိုသွက်လာသလိုပါပဲ။
.
.
.

ငြိမ်းက တစ်နေကုန် ဒိုးနဲ့ အိမ်ထဲမှာပဲလေ။ ကျောင်းအပ်ဖို့ကို ဒိုးက ငြိမ်းငယ်သေးသလားလို့ထင်တာကြောင့် မအပ်ရသေးဘူး။ ကလေးတစ်သက်လုံးတက်ရမဲ့ကျောင်းကို စောပြီးမလွှတ်ချင်ဘူး။ လွတ်လွတ်လပ်လပ်ဆော့စေချင်သေးတယ်။

ဒိုးမှာတော့ ပစ္စည်းတွေမသယ်ရသေးတာမို့ သိုးမွှေးလဲမထိုးရပါ။
အဲ့တော့ ဘာမှအလုပ်မရှိရင်အဆင်မပြေတာကြောင့် အိမ်အလုပ်တွေကို အေးသက်တို့နဲ့ဝိုင်းကူတယ်။
မလုပ်ပါနဲ့ဆိုပေမဲ့လဲ...ကိုယ်မှ မနေတတ်တာ။
ဒါကြောင့် ရက်ပိုင်းအတွင်းမှာပဲ အေးသက်တို့နဲ့ခင်မင်လာပြီ။
အေးသက်က ဒိုးထက်အသက်ကြီးတာပဲ။
ဒီအိမ်မှာ နေခဲ့တာ ကြာပြီတဲ့။ အရင်က အေးသက်ကြီးဒေါ်က ဒီအိမ်ရဲ့အိမ်တော်ထိန်းတဲ့။ ကြီးဒေါ်နဲ့လိုက်လာရင်းက အေးသက်ဒီအိမ်ကိုရောက်တာတဲ့။ ဒီအိမ်မှာနေတာကြာတော့ ကိုယ့်အိမ်လိုပဲခံစားရတယ်တဲ့။

အေးသက်က ကိုလင်းထည်တို့ ကိုလင်းရိပ်တို့အကြောင်းလဲ ပြောပြတယ်။
ထင်တာနဲ့လွဲသွားတဲ့ကိစ္စက... ကိုလင်းထည်ကရည်းစားများတာတဲ့။
လင်းရိပ်ထင်က ရည်းစားကိစ္စသိပ်မရှိဘူးတဲ့။ အံ့တောင်သြတယ်။
သူက ကားမောင်းတာ ဂိမ်းဆော့တာပဲပိုပြီး စိတ်ဝင်စားသတဲ့... မယုံနိုင်စရာ။
ဒါဖြင့်...ဘယ်လိုကဘယ်လို ငြိမ်း ဖြစ်လာတာလဲ။
လူတွေ မသိအောင် တိတ်တိတ်ပုန်းနန့်တာများလား။
အို...မဖြစ်နိုင်ဘူး...မမက ဒီလိုမိန်းကလေးမှ မဟုတ်တာ။
မိုးကောင်းကင်သာနှစ်ခြမ်းကွဲချင်ကွဲမယ်... မမ ဘယ်တော့မှ မဟုတ်တာမလုပ်ဘူးလို့ ဒိုးကယုံတယ်။
.
.
.

ဒိုးကလေးTempat cerita menjadi hidup. Temukan sekarang