Unicode
သူအိပ်ပျော်သွားပြီ။
သူလဲ တကယ်ပင်ပန်းနေတာပဲဖြစ်မယ်။
ဒိုးကိုဖက်ထားပြီး မကြာဘူး သူ အိပ်ပျော်သွားတယ်။သူအိပ်ပျော်သွားတာနဲ့ ဖြေးဖြေးထပြီး ထိုင်နေမိတယ်။
အတွေးတွေကလဲ ဂယောက်ဂယက်ပဲပေါ့။ ဒိုးမှာ တွေးစရာတွေတစ်ပုံတစ်ပင်ဖြစ်နေရပြီ။ဘေးတစ်ဖက်တစ်ချက်စီမှာ အိပ်ပျော်နေတဲ့ နှစ်ယောက်ကိုကြည့်မိတယ်။ တကယ် ပုံတူလေးတွေ... အိပ်ပျော်နေပုံကအစ တူနေတာ။
မမက တကယ်ပဲ သူ့ကိုချစ်တာနဲ့တူပါတယ်။
ဒိုးကိုသာ ဘာမှ မပြောပြခဲ့တာ.... မွေးထားလိုက်တာ တစ်ပုံစံထဲပဲ။
သူကရော.... သူကရော... မမကိုချစ်တာပဲလား။
တွေးရင်း အိပ်ပျော်နေတဲ့သူကို ကြည့်မိပြန်တယ်။မဖြူမညိုဘဲ ဝင်းနေတဲ့အသားအရည်နဲ့ ထင်းနေတဲ့မေးရိုးတွေ... တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းအစုံကသူ့ရဲ့ထက်မြက်မှုက်ိုပြနေတာ။ တိုစိပ်စိပ်မျက်တောင်တွေက ထူတယ်။ ဖြောင့်စင်းနေတဲ့နှာရိုး.... ကိုလင်းရိပ်က တကယ်ကြည့်ရင် ချောတာပဲ။
ကိုလင်းထည်က နူးညံ့ပြီး ချစ်စရာကောင်းတဲ့ပုံစံမျိုး ပိုရှိသည်။
သူက.... ပိုပြီး ယောကျားဆန်ကာ သေချာကြည့်မိမှပဲ ကိုလင်းရိပ်ကပိုပြီး ကြည့်ကောင်းသလိုထင်ရတယ်။ဒိုးလဲ သူ့မျက်နှာကို သေချာမကြည့်ဖူးပါဘူး။
သူက အမြဲ ဒိုးကို အနိုင်ယူချင်နေတာပဲသိတာကြောင့် တွေ့လိုက်တိုင်းကိုက်နေကြရတာမဟုတ်လား.... ခွေးနဲ့ကြောင်လို။ ခုမှပဲသေချာ ကြည့်မိတယ်။သဘောမနောကတော့ ထင်ရှားကျော်ကြားကလူတွေပြည့်ဝကြသည်သာဖြစ်သည်။ မောက်မာတာမရှိ... မော်ကြွားတာမရှိ။ ပတ်သက်ဆက်နွယ်သမျှသော ဝန်ထမ်းတွေ လုပ်ဖော်ကိုင်ဖက်တွေကိုလဲနွေးထွေးတတ်သူတွေ။
အန်တီဆို ပိုပြီးနူးညံ့ချိုသာသောသူဖြစ်သည်။
အိမ်ကိုတစ်ခါတစ်ရံ အလုပ်ကိစ္စနှင့်ပါလာသောဝန်ထမ်းများကို သားသမီးလိုဆက်ဆံတာတွေ့ရသည်။ အေးသက်နဲ့ စိုးအိ...ပိုးအိတို့ ညီအစ်မတွေကိုဆို ပိုပြီးတောင် ဂရုစိုက်သေးသည်။ အိမ်သားတွေလိုပဲ ဆက်ဆံပေးတာ။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။