part(18)

24.1K 2.4K 113
                                    

Unicode

ထင်ရှားကျော်ကြားတွင် ရတနာပစ္စည်းရောင်းချသည့်ဆိုင်အပြင် ပစ္စည်းအချောထည်ထုတ်လုပ်ရာနေရာက သပ်သပ်ရှိသည်။

လင်းရိပ်မရှိသည့်အတွက် အလုပ်ကို လင်းထည်ကူရသည်။
ဆေးရုံတစ်ဖက် အလုပ်တစ်ဖက်ဖြစ်ပေမဲ့ လင်းထည် အလုပ်မထွက်ခဲ့ပါ။
ဘာလိုလိုနဲ့ လင်းရိပ် ပညာသင်ရန်ထွက်သွားတာပင် လေးနှစ်ပြည့်တော့မည်ဖြစ်သည်။

မကြာခင် လင်းရိပ် မြန်မာပြည်ကိုပြန်လာရတော့မည်။
လင်းရိပ်အတွက်တော့ အရာရာမေ့နိုင်လောက်သည့်အချိန်အတိုင်းအတာဖြစ်သည်။ ဒီအတောအတွင်းမည်သည့်ပြသနာတစ်စုံတစ်ရာမှ ထင်ရှားကျော်ကြားထံ ရောက်မလာခဲ့ပါ။

ဆည်းဆာနှင့်တွေ့ပြီး ရှင်းစရာရှိတာအကုန် လင်းထည်ရှင်းခဲ့ပြီဖြစ်သည်။
ထို ညက လင်းရိပ် တစ်ယောက်ထဲသာထိုအခန်းထဲတွင်ရှိသည်။
ဆည်းဆာသည် လင်းရိပ်ကိုယုတ်မာရန်ကြံစည်သော်လည်း မဖြစ်ခဲ့...ဘာဆိုဘာမှ မဖြစ်ခဲ့ကြ။
ဆည်းဆာက လင်းထည်နှင့်အတူရှိနေခဲ့ခြင်း....ထိုပြသနာကို လင်းထည်ဤသို့ရှင်းခဲ့ခြင်းဖြစ်သည်။
ဆည်းဆာမှာ သူ့အပြစ်ကြောင့် လင်းထည်ကိုရင်အဆိုင်ရဲတော့။ ထပ်တွေ့စရာ အ​ကြောင်းအရင်းလဲ လုံးဝမရှိတော့ပါ။

ဒါပေမဲ့...စိတ်ထင့်စရာက လင်းရိပ်ဆီကပါသွားတဲ့လက်စွပ်ပဲ ဖြစ်သည်။
ထိုကိစ္စကိုတော့ လင်းထည်သိချင်မိသည်။
တစ်စုံတစ်ခုသောအကြောင်းတရားသည် အချိန်မရွေးရောက်လာမလားလို့ သတိတော့ထားနေရဆဲပင်။
လက်စွပ်ကိစ္စသည် လေးနှစ်ခန့်ရှိသည့်တိုင် ဘာအကြောင်းမှ ပေါ်မလာခဲ့။
လင်းရိပ် စိတ်အခြေအနေတည်ငြိမ်နေပြီးမှ... ဘာကိစ္စမှထပ်ပေါ်မလာစေချင်တော့ပါ။ သို့သော် လင်းထည်စိတ်ထဲတွင်တော့ အမြဲသတိထားနေရသည့်ကိစ္စဖြစ်သည်။ ပြသနာတစ်ခုခုပေါ်လာခဲ့သော် လင်းထည်ကသာဖြေရှင်းပေးရမည့်သူဖြစ်သည်လို့ခံယူထားမိသည်။
.
.
.
.

ဒီနေ့...ပိတ်ရက်ဖြစ်သည်။
ဒါကြောင့် တူဝရီးနှစ်ယောက် တရားစခန်းမှာရှိတဲ့ ကြီးကြီးဆီသွားကြရမည်။
တစ်လ တစ်ခေါက်တော့ ကြီးကြီးဆီသွားကြရတယ်။
ကျန်းမာရေးကိစ္စကြောင့်သွားပေးရသလိုပင် တစ်လတစ်ခါအလှူငွေလဲ လှူရသည်လေ။

ဒိုးကလေးWhere stories live. Discover now