Unicode
ညနက်လာတော့.... မေမေနဲ့ ငြိမ်းအဆင်ပြေပါ့မလားဆိုပြီး လင်းရိပ်မေမေ့အခန်းကို ဆင်းလာခဲ့တယ်။ ငြိမ်းက သူ့ပါပါးနဲ့ခွဲမအိပ်တတ်ဘူးလေ။ နို့စို့ပြီးမှအိပ်တတ်တာ။ ထင်တဲ့အတိုင်းပင်.... ငြိမ်းနဲ့မေမေ လုံးထွေးနေကြလေပြီ။
"အီး... ထက်ထက်.... ပါပါးဆီသွားမယ်... အီး...ဟီး"
"မေမေ ငြိမ်း မအိပ်ဘူးလား..."
"အေး.... လင်းရိပ်ရေ... ဒီမှာ ငြိမ်း ဂျီကျနေပြီ"
"ငြိမ်းလေး.... ပါပါးကနေမကောင်းလို့လေ.... ဒယ်ဒီသိပ်ပေးမယ်.... လာ.... ဒယ်ဒီ့ဆီကိုလာ"
"ဟင့်....ဟင့်.... ဒယ်ဒီ....ပါပါး...အီး...ပါပါး"
လင်းရိပ်ဆီ လက်ကလှမ်းဆွဲပြီးပါးစပ်ကသူ့ပါပါးကိုပဲ တ နေသည်။
အေးလေ.... သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်တာကို... ခွဲလဲ ခွဲဖူးပုံမပေါ်ဘူး။ဟိုရက်က ဒိုး ပြောနေသံကြားသား.... တစ်နေကုန်အားလုံးနဲ့အဆင်ပြေအောင်နေလဲ ညဆိုရင်တော့မရဘူးတဲ့လေ။ သူ့ခြေ သူ့လက်မွေးလာတဲ့ကလေးပဲ။
သားအဖနှစ်ယောက်ရဲ့ သံယောဇဥ်ကကြီးလွန်းတာကိုနားလည်ပါတယ်။ ဒိုးကသူ့သမီးအပေါ် အသေးစိတ်ကအစသူကိုယ်တိုင်ပဲလုပ်ပေးတတ်တာကို။"ဒယ်ဒီ.... ပါပါး.... နို့.... နို့"
လင်းရိပ်ပုခုံးပေါ်မှာအိပ်ချင်လွန်းလို့ မျက်လုံးကိုမသယ်နိုင်တော့ဘဲခေါင်းပါကျိုးကျနေပြီ.... ဒါပေမဲ့ ပါးစပ်ကတော့.... ပါပါး...နို့ နို့ပဲ။
ဒိုး... ငြိမ်းကို နို့တိုက်တာသိနေတော့ ဟိုတစ်နေ့ကထူးဆန်းနေတဲ့အကြောင်းကိုပင် အခုတော့လင်းရိပ်မထူးဆန်းတော့ပါ။ ငြိမ်းကို ဒိုးနို့တိုက်တာပါလားဆိုတဲ့အသိက ရင်ခုန်သံမြန်လာစေတယ်။
ဒိုးရယ်.... လို့ပဲရင်ထဲမှာ ခေါ်နေမိတယ်။ သူ့ကြောင့်ပဲ....သူ့သမီးက နို့တောင်းတတ်နေတာ။ပြီးတော့.... ပြီးတော့..ဒါကြောင့်ပဲ... ဒိုး နို့လေးတွေက ပုံမှန်မဟုတ်ဘူး။ ဝင်းအိနေတဲ့ နို့အုံလေးနဲ့ ပန်းရောင်အသီးလေးကို ငြိမ်းနဲ့အပြိုင်မြင်ယောင်လာမိသည်။ ငြိမ်းလဲ အိထွေးနေတဲ့ ဒိုး နို့လေးတွေကို ငုံပြီးအိပ်တတ်ကျင့်ဖြစ်နေတာနေမှာ။

YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။