လင်းထည်ဝါက ဆေးကျောင်းသား.... ဒေါ်ထက်ထင်လင်းညီမရဲ့သား...လင်းရိပ်ထင်ရဲ့တစ်ဝမ်းကွဲ
လင်းထည်ဝါအမေက မွေးခန်းထဲမှာပဲဆုံးသွားတော့ ဒေါ်ထက်ထင်လင်းကိုယ်တိုင် နို့တိုက်ပြီးမွေးလာခဲ့တာ။ တကယ်က တူဆိုတာထက် သားလိုဖြစ်နေတာပါ။
လင်းရိပ်ထင်နဲ့လင်းထည်ဝါက လေးလပဲကွာတဲ့အမွှာပူး။
မွေးကတည်းကအတူနေလာတော့ အချင်းချင်းချစ်တြယ်။ သူများအထိလဲမခံဘူး..... တည့်လဲမတည့်ဘူး။ မတည့်အတူနေ မမြင်ချောင်းကြည့်... တစ်သက်လုံးဒီလိုပဲနေလာတာ။ ဒေါ်ထက်ထင်လင်းကလဲ ငယ်ငယ်ကတည်းက အဝတ်အစားဆိုလဲဆင်တူ...အသုံးအဆောင်ဆိုလဲ ဆင်တူ။ မသိရင် သူတို့နှစ်ယောက်က လူမှားခံရတာအမြဲ။
အဲ့လို လူမှားခံရတိုင်း လင်းရိပ်ကအရမ်းသဘောကျတာ။
ဒီလိုနဲ့ပဲ လင်းထည်ဝါက အိမ်မှာလဲဂျိုကာ...အလုပ်မှာလဲ ဂျိုကာ...ဒေါ်ထက်ထင်လင်းနဲ့လဲ ပိုကပ်တယ်။သူတို့နှစ်ယောက်မှာ.... အဓိက ကွာခြါးတာဆိုလို့ ပညရေးပဲရှိတယ်။ လင်းရိပ်က ပေါ့ပေါ့ပဲ....တစ်နှစ်တစ်တန်းအောင်ရင်သူ့ကိစ္စပြီးပြီလို့မှတ်တာ။ လင်းထည်ကမရဘူး....သူ့အမေသူ့ကိုမွေးပြီးဆုံးသွားတာကြောင့် ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်လို့စွဲမှတ်ထားသူ။ လင်းထည်ကစာတော်တယ်။ နောက်ထပ်ကွာခြါးတာလေးတစ်ခုရှိသေးတယ်။ အဲ့ဒါက....လင်းထည်က ရည်းစားများတယ်...လင်းရိပ်က ကိုယ့်ကိုလာကပ်လို့သာ အထိုက်အလျောက်ဆက်ဆံတာ တကယ်က လင်းထည်လိုရည်းသားထားလိုက် ပြတ်လိုက်လုံးဝမဟုတ်။ ညကတော့ လင်းရိပ်ကြောင့်ပြသနာတက်တာပါ။ လင်းထည်က ရည်းစားများတာမှန်ပေမဲ့ ဘယ်လိုချုပ်တယ်တော့မသိဘူး...နောက်ကြောင်းရှင်းတယ်။ အဲ့တော့ ဖြစ်လိုက်ရရင် ကိုယ့်နာမည်ပဲထွက်လာတော့...လင်းရိပ်လဲတွေးမိတယ်။ နာမည်ကြီးထမင်းငတ်ဖြစ်မဲ့အစား တကယ်နာမည်ကြီးအောင် လုပ်မလားလို့လေ။
လင်းရိပ်နဲ့လင်းထည် ဆယ်တန်းဖြေတဲ့နှစ်က အကြောင်းပြောရအုံးမယ်။ လင်းရိပ်ရယ်လေ...သင်္ချာဖြေတဲ့နေ့ မဖြေနိုင်ခဲ့ဘူး။ သူကဖြေကာနီးမှ ရွေးလုပ်တာကိုး...သူတွက်ကျင့်သွားတဲ့ဟာတွေမပါတော့ ကွဲရော။ အိမ်ကလာကြိုတဲ့ကားပေါ်မှာ လင်းထည်ကိုပြောတော့ စိတ်ကမကောင်းတော့ဘူး။ တက္ကသိုလ်တက်ရင်ခွဲတက်ရမှာ သိပေမဲ့ လင်းထည်က လင်းရိပ်နဲ့ဆယ်တန်းကို အတူအောင်ချင်တာ။ အိမ်ပြန်ရောက်တော့ ညီကိုနှစ်ယောက် အဖြေတွေ ဘာတွေတိုက်ကြတော့...ဟုတ်တယ်...လင်းရိပ် အခြေအနေမကောင်းဘူး။ ဒါနဲ့ကြောင့်ပဲ...နှစ်ကောင်သား နောက်ဆုံးနေ့ရဲ့အဖြေလွှာကို ခြစ်ချဖို့ဆုံးဖြတ်ထားတယ်။ လင်းထည်အတွက် အရမ်းနှမြောစရာပေမဲ့...ရတယ်...လင်းရိပ်အတွက်ပဲဟာကို...နောက်တစ်နှစ်ပြန်တက်တော့ ပိုတောင်စာကျေသေးတယ်။
သူတို့က အဲ့လို.....
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။