Unicode
ည....ခုနှစ်နာရီရှိပြီ။
တရားပွဲ စတော့မယ်။
ဒိုးနဲ့သူ ပန်းသီလို့ပြီးတာနဲ့ ဒေါ်ရွှေလွှတ်လိုက်တဲ့ ကလေးမလေးတွေလာယူသွားကြပြီ။
ဒိုးကိုယ်တိုင်တော့ ပလ္လင်ပေါ်မလှူပေးနိုင်တော့ဘူး။
နေ့လည်ကတည်းကရေချိုးခဲ့ရတာဆိုတော့... ပင်ပန်းပြီး ချွေးထွက်တယ်။ ရေချိုးပြီးမှ ပန်းကပ်ချင်တယ်။
ကိုယ့်အဝတ်တွေ ရှိပေမဲ့ သူ့ရှေ့မှာရေမချိုးရဲဘူး။
ဒါကြောင့် လူကြုံနဲ့ပဲလှူရတယ်။ဒိုးပစ္စည်းတွေကတော့ ညနေကတည်းက ကားမှာသွားပို့ထားလိုက်ပြီ။
တော်ကြာ တရားပွဲစနေရင် သယ်ရခက်မှာစိုးလို့လေ။
ကြီးကြီးမားမားက အပ်ချုပ်စက်တစ်လုံးတည်းပါပဲ။
ကျန်တာ ဒိုးနဲ့ ငြိမ်းရဲ့အဝတ်အစားတွေပဲ။
မီးဖိုချောင်မှာသုံးတဲ့ ပစ္စည်းတွေ... ဖျာ... ခြင်ထောင်... ခေါင်းအုံးလေးတွေတော့ လိုချင်တဲ့သူယူဖို့ ဒေါ်ရွှေနဲ့ပဲအပ်ပြီးထားခဲ့တယ်။
အိမ်လေးကို သေချာ သန့်ရှင်းရေးပြန်လုပ်ခဲ့တယ်။
သော့ခတ်ပြီး ဒေါ်ရွှေကို အပ်ခဲ့ပြီးပြန်ဖို့နှုတ်ဆက်ရတယ်။
မကြာ မကြာ ပြန်လာလည်ဖို့ အားလုံးက ပြောကြတာပေါ့။လာမှာပါ....ကျွန်တော် မမေ့ပါဘူး။
ကျေးဇူးရှိတဲ့ ဒီရွာလေး.... လုံခြုံစွာနေခွင့်ရတဲ့ ဒီရွာလေးကို ဘယ်တော့မှမမေ့ပါဘူး။ရွာထိပ်ကိုလမ်းလျှောက်လာခဲ့ကြတယ်။
ဆရာတော်မကြွသေးဘူးဆိုပေမဲ့ ပရိသတ်ကနေရာယူပြီးနေပြီ။
နောက်ဆုံးနေရာလေးကနေ ပန်းတွေကိုလှမ်းပြီးကြည့်မိတယ်။
ဖြူဖွေးပြီး မီးရောက်အောက်မှာ ညီညီညာညာသီထားတာ မြင်နေရတယ်။
လှလိုက်တာ..... ဘုရားဆင်းတုတော်ကို ပူဇော်ထားတဲ့ပန်းကလပ်လေးပေါ်မှာလဲ စံပယ်ခွေလေးကပ်ထားပေးတယ်။ဒိုးက ကန်တော့ဖို့ထိုင်တော့....သူလဲဘေးမှာ ထိုင်ချလိုက်တယ်။
"ဟိုးမှာ....တွေ့လား...ခင်ဗျားနဲ့ကျွန်တော် ကိုယ်တိုင်သီပြီး လှူထားတဲ့ပန်းတွေ... သဒ္ဓါစိတ်လေးနဲ့ကန်တော့လိုက်.... ဆုတောင်းစရာမလိုဘဲ ပြည့်တယ်"
"အင်...အင်း.... ကြည့်လို့ကောင်းလိုက်တာ... ကိုယ် တော်တယ်မှလား ဒိုး... ဟင်... အဟားးးးး....ကိုယ်က ပန်းသီတတ်တယ်ပေါ့လေ"
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။