part(19)

24.6K 2.5K 134
                                    

Unicode

ကြီးကြီးက ဒီတိုင်းကြည့်နေသည်။
လင်းထည်က ကလေးနဲ့ပါလာတဲ့ သူ့ကိုသာငေးနေမိရသည်။ ဘာတွေဘယ်လိုဖြစ်သည်ဆိုတာမသိပေမဲ့ တစ်ခုခုကတော့သေချာပေါက်ဖြစ်နေလေပြီ။

"လာ...ထိုင်...ကလေးတို့"

သူနဲ့ကလေးလေးက အနားတိုးလာပြီးထိုင်ကာ ကြီးကြီးကိုလက်အုပ်ချီသည်။ ယဥ်ကျေးသိမ်မွေ့လွန်းသော လူသားလေးနှစ်ယောက်။

"မမ"

ထိုကလေးက ကြီးကြီးကိုထပ်ခေါ်ပြန်လေသည်။
ဒေါ်ထက်ထင်လင်းရဲ့ အံသြမှုသည်အတိုင်းအဆမရှိ ဖြစ်လာလေပြီ။
ကြီးကြီးကိုတလှည့် ကလေးကိုတလှည့်ကြည့်ပြီး ငိုသာနေတော့သည်။ စကားသံကထွက်ကိုမလာနိုင်သေးတာ။

"ငြိမ်း....အဲ့လိုမခေါ်ရဘူးလေ လူကြီးကို...ပါပါးပြောထားတယ်လေ"

ခပ်တိုးတိုးအသံလေးနှင့် ကလေးမလေးကို ရင်ခွင်ထဲထည့်ကာသူပြောသည်။

"ပါပါး....ဒါ ငြိမ်းရဲ့ ချစ်သူ..."

ထိုကလေးသည် တီလေးကို လက်ညှိုးထိုးကာပြောရင်း တီလေးနားကိုတိုးသည်။ တီလေး မျက်ရည်တွေကိုသုတ်ပေးသည်။

"မငိုနဲ့တော့...ထက်ထက်"

မြင်ကွင်းကနားမလည်နိုင်လောက်အောင်ပင် ရှုပ်ထွေးနေသည်။
သူ့သမီးလုပ်ရပ်ကိုအားနာကာ ထိုတစ်ယောက်လဲ ပျာယာခတ်သွားသည်။

"ငြိမ်း...လူကြီးတွေကို...မလုပ်ရဘူး...လာ..ပါပါးဆီလာ.... ကန်တော့... ကန်တော့ပါနော်...အန်တီ"

ကလေးကိုဆွဲကာခေါ်ရင်း တီလေးကိုပါအားနာကြီးစွာတောင်းပန်သည်။

"မိတ်ဆက်ပေးမယ်...သားက နာမည်လေးပြောပြလိုက်ပါအုံး...မြေးလေးရောပဲ"

"ဟုတ်ကဲ့..ကျွန်တော့်နာမည်...ဒိုးပါဗျ...သမီးနာမည်က ငြိမ်းအေးရိပ်ပါ"

ဒိုးက လူကြီးတွေကိုကြည့်ကာ မိတ်ဆက်ပေးလိုက်သည်။
ငြိမ်းကတော့...ဧည့်သည်အန်တီကြီးထံမှ အကြည့်မခွာ။
.
.
.
ဒေါ်ရွှေမိတ်ဆွေတွေ ဒီကျောင်းမှာအလှူ လာလုပ်တာကြောင့် ဒိုးတို့သားအဖလိုက်လာခဲ့မိခြင်း​ဖြစ်သည်။
အပြင်ကို ဒိုး သိပ်မသွားဖြစ်...မထွက်ဖြစ်ခဲ့ပါ။
ခုက ဒေါ်ရွှေကလဲခေါ်လို့ ဒိုးကအပြင်မထွက်ချင်သော်လည်း သမီးကိုလဲစိတ်ပြေလက်ပျောက်ဖြစ်အောင် အလှူကိုလိုက်ခဲ့မိတာ...မှားများမှားပြီလားတောင်မသိပါ။ ငြိမ်းတစ်ယောက် ဒီ​ရောက်မှ ပေါက်ကရမျိုးစုံလုပ်နေတော့သည်။ ဒိုးမှာ ငြိမ်းလုပ်သမျှကိုကြည့်ကာ တောင်းပန်ပြီးရင်းတောင်းပန်နေရတော့သည်။
.
.
.

ဒိုးကလေးWhere stories live. Discover now