part(36)

25.2K 2.3K 51
                                    

Unicode

မိုးလင်းရင် လင်းရိပ် လင်းထည်နဲ့ အန်တီတို့ကအလုပ်ကိုယ်စီ သွားဖို့ပြင်ကြသည်။
နေ့လည်စာက ဘယ်တော့မှလူစုံတက်စုံမစားရဘူး။
ဒါကြောင့် မနက်စာ breakfast ကိုတူတူစားဖြစ်အောင်စားကြပါတယ်။
တစ်ခါတစ်ရံတော့ ကိုလင်းထည်က ဝင်မစားနိုင်ဘူး။ ဂျူတီရှိတဲ့ရက်မျိုးဆိုရင်ပေါ့။ ဆေးရုံကိုစောစောပဲသွားရတယ်။

ကိုလင်းထည် ဂျူတီစောတဲ့ရက်မျိုးကို ဒိုးက သတိထားပြီးမနက်စာပြင်ပေးဖြစ်တယ်။ ကိုယ့်အစ်ကိုသားချင်းလိုလဲဖြစ်ပြီး တစ်ခုခုဆိုရင် ဒိုးမှာအားကိုးစရာ ကိုလင်းထည်ပဲရှိတာလေ။ ပြီးတော့ ကိုလင်းထည်က အလုပ်များတာကြောင့်ရော... ကိုလင်းရိပ်မလစ်တာ​ရောကြောင့် ဒိုး လွတ်လွတ်လပ်လပ်စကားပြောလို့ရတာ ဒီအချိန်ပဲရှိတယ်။

ဒီနေ့လဲ ငြိမ်းမနိုးသေးခင် စောစောထပြီး မနက်စာဆင်းပြီးပြင်ပေးနေမိတယ်။
အေးသက်တို့လဲ မနှိုးနေတော့ဘူး။
ဒိုးတစ်ယောက်ထဲပဲ ဆင်းပြီးပြင်ဆင်ပေးနေတာ။
မကြာဘူး...ကိုလင်းထည် ဆင်းလာတယ်။

"ဒိုး...ကိုယ့်အတွက် မနက်စာလုပ်နေပြန်ပြီလား...ဆေးရုံမှာ စားလို့ရပါတယ်ဆိုကွာ"

"စားသွားပါ ကိုလင်းထည်ရယ်... အပန်းကြီးတာမှ မဟုတ်တာ"

ပေါင်မုန့်မီးကင်ကို jam သုတ်ပေးထားတယ်။
ကော်ဖီဖျော်ထားပေးတယ်။ ကိုလင်းထည်ရဲ့မနက်စာကပေါ့ပေါ့ပါးပါးပဲ။

"ထိုင်လေ...ဒိုး...တူတူစားပါလား"

"ဟင့်အင်း...အန်တီတို့ကိုစောင့်လိုက်မယ်"

ဖျော်ထားတဲ့ကော်ဖီခွက်ကို ကိုလင်းထည်ရှေ့တိုးပေးရင်းခုံမှာဝင်ထိုင်တယ်။

"ဒိုး...ကိုယ့်ကို ပြောစရာရှိလား"

"ဟုတ်..."

"ပြောလေ..."

"မနေ့ကလေ...ကိုလင်းရိပ်က ဒိုးကို သူနဲ့တွေ့ဖူးလားလို့မေးနေတယ်"

"ဟုတ်လား...ဒိုး ဘယ်လိုပြောလိုက်လဲ"

"မတွေ့ဖူးဘူးလို့ပြောလိုက်တယ်လေ..."

"အင်း...ယုံရောယုံရဲ့လား..."

"ယုံပါတယ်...ဘာမှမပြောတော့ဘူး.."

ဒိုးကလေးWhere stories live. Discover now