Unicode
ဒိုး ဒီနေ့ မပိုးသားကိုထမင်းဖိတ်ကျွေးတယ်။
စကားလဲပြောချင်ပြီး မပိုးသားရဲ့သဘောထားကိုလဲ ကိုယ်တိုင်နားထောင်ချင်တယ်။ အကယ်လို့ မပိုးသားက တစ်ခုခုခံစားနေရတာရှိရင်လဲ ဒိုးကတောင်းပန်ပေးချင်မိတယ်။ ကိုကို့ကိုလက်လွှတ်ဖို့မဖြစ်နိုင်တော့ပေမဲ့ ကျေနပ်တဲ့အထိတောင်းပန်မယ်လို့ တွေးထားပါတယ်။ဒါကြောင့် ဖွယ်ဖွယ်ရာရာချက်ပြုတ်နေမိတယ်။
ဒီနေ့မှပဲ ဟင်းတွေကိုကိုယ်တိုင်ချက်ခွင့်ပြန်ရတာ။
အရင်ရက်တွေကဆို မနက်စာလေးကိုယ်တိုင်ဝင်လုပ်တာကိုပဲ နားပါ နားပါ ဖြစ်နေကြတယ်လေ။ အိမ်က လူတွေအားလုံးကနားခိုင်းနေတော့ ဒိုး မီးဖိုခန်းကိုဝင်ရင် အေးသက်တို့ကလဲ ဘာမှမထိခိုင်းဘူးမကိုင်ခိုင်းဘူး။
ခိုင်းစရာရှိတာကို ပါးစပ်လေးနဲ့ပဲ ထိုင်ရာမထခိုင်းရတယ်။ တကယ်က ဒိုးစိတ်အတိုင်းဆို ပြောနေတာကပိုပင်ပန်းသေးတယ်။ ကိုယ်တိုင်လုပ်ရတာက သက်သာတယ်ထင်မိတာ။
.
.
.ဒီနေ့က မြန်မာထမင်းဟင်းဆိုပေမဲ့..... ပင်လယ်စာကို အလေးထားပြီးချက်တယ်။ ပြည်ကြီးငါးတစ်ကောင်ထဲနဲ့ ခုနှစ်ဆယ်သားနီးပါးရှိတာကြောင့် အကောင်ကြီးပြီးအသားကထူတယ်.... ပြုတ်ပြီးသုတ်မယ်.... ချဥ်စပ်လေးပေါ့။ ပုစွန်ကျားတွေလဲ အကောင်ကြီးတယ်...ခရမ်းချဥ်သီးနှစ်နဲ့မဆလာနဲ့ ချက်မယ်... ဂဏာန်းမဆလာလို အနှစ်များများနဲ့ပေါ့။ ပင်လယ်ပုစွန်က မဆလာနဲ့ချက်စားရင် ကောင်းမှကောင်းပဲ...ရေချိုပုစွန်က အချိုချက်တာပိုပြီးစားလို့ကောင်းတယ်။ ပင်လယ်ပုစွန်က မဆလာနှစ်လုပ်ပြီးချက်စားရင်ပိုကောင်းတယ်။ မာလာအနှစ်နဲ့ချက်ရင်လဲ ကောင်းတာပဲ။ ပုစွန်အမျိုးမျိုး ချက်နည်းအမျိုးမျိုးပဲပေါ့။ တို့စရာအစုံကို ရခိုင်ငပိထောင်းနဲ့ တွဲမယ်။ ငါးဖယ်ငါးဆုပ်ချက်တယ်။ ဆိတ်သားကိုပြုတ်ပြီး ပြန်ကြော်ထားတယ်။
ပဲနီလေးဟင်းချိုကို ပဲကြာဇံလေးခတ်ပြီး အရည်သောက်လုပ်မယ်။ ကြက်သားနဲ့ အရွက်စုံကြော်မယ်။ အချို အငန် အစပ်အဟပ် အတော်ပဲမှလား။
ကိုယ့်လက်ရာကိုစားရပြီဆိုမှတော့ သေချာလေးကျွေးချင်တယ်လေ။
.
.
.
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။