Description

38.7K 1.8K 31
                                    

ယန္ရႈယီြ
သူမသည္ အပ္ေၾကာင္းထပ္ဇာတ္လမ္းမ်ားျဖစ္သည့္ CEOဝတၳဳေတြ၏အႀကီးစားဖန္တစ္ေယာက္ျဖစ္သည္။
တစ္ခ်ိန္၌ သူမသည္ စာအုပ္တစ္ခု၏ကမၻာထဲသို႔ေရာက္သြားခ်ိန္မွာေတာ့

...

ထိုဝတၳဳထဲ၌ ဇာတ္လိုက္သည္ အလြန္ခ်မ္းသာသည့္CEOတစ္ေယာက္ျဖစ္ပီး ထိုသူထံတြင္ေတာ့ အက်င့္မေကာင္းသည့္မိေထြးတစ္ေယာက္ ရွိေလသည္။ လူေရွ႕သူေရွ႕တြင္ေတာ့ သူမသည္ ဇာတ္လိုက္အေပၚ အေမရင္းတစ္ေယာက္လို ႏူးႏူးညံ့ညံ့ႏွင့္ ​ေကာင္းေကာင္းမြန္မြန္ဆက္ဆံျပပီး တကယ့္တကယ္တမ္းကေတာ့ သူမသည္ သူမသားႏွင့္ပူးေပါင္း၍ ဇာတ္လိုက္ကို အျမဲအႏိုင္က်င့္ေနေသာသူျဖစ္သည္။ ဇာတ္လိုက္ႏွင့္ သူ႔အေဖကို အပီးအပိုင္ေသြးခြဲပီးသြားသည့္အခ်ိန္မွာေတာ့ သူမ၏လိုဘေတြက ပိုပိုပီးႀကီးထြားလာကာ ဇာတ္လိုက္၏အေမြေတြကိုပင္ ေလာဘတက္လာသည္။

စာအုပ္၏ဒုတိယအပိုင္းမွာေတာ့ ဇာတ္လမ္းရဲ႕အမွန္တရားကထြက္ေပၚလာေတာ့သည္ - တကယ္တမ္းကေတာ့ ဇာတ္လိုက္၏အေဖျဖစ္သူသည္ သူ၏ေနာက္မိန္းမအေပၚတြင္ ခံစားခ်က္ဆိုသည္အရာ ျမဴမႈန္ေလးတစ္စက္မွ်ေတာင္မရွိေပ။ သူသည္ သူ႔သား၏အရည္အခ်င္းေတြကို ပိုပီးထက္ျမက္လာေအာင္လုပ္ဖို႔အတြက္ သူမကို အသံုးခ်ရံုသက္သက္သာ။ ေနာက္ဆံုးမွာေတာ့ ဇာတ္လိုက္သည္ မိသားစုပိုင္စီးပြားေရးလုပ္ငန္းစုတစ္ခုလံုးကို သိမ္းပိုက္လိုက္ႏိုင္ပီး ထုိမိေထြးျဖစ္သူႏွင့္ သူ႔သားတို႔ကိုေတာ့ အက်ဥ္းေထာင္ထဲထည့္လိုက္ေလသည္။

ယန္ရႈယီြသည္ ထိုဝတၳဳထဲသို႔ေရာက္သြားပီး ထိုမုန္းစရာေကာင္းသည့္ ဗီလိန္မိေထြးျဖစ္လာေတာ့သည္။ သို႔ေပမယ့္ သူမေရာက္သြားသည့္အခ်ိန္က ဘာမွမျဖစ္ေသးေသာအခ်ိန္ ျဖစ္သည့္အျပင္ ဇာတ္လိုက္သည္ကလည္း ဘာမွမသိနားမလည္ေသးသည့္ ကေလးသာသာပဲရွိေသးသည္။ ယန္ရႈယီြသည္ သူမ၏ခင္ပြန္းျဖစ္သူလို႔ေျပာရမည့္သူကိုၾကည့္လိုက္ေတာ့ ထိုသူသည္ sleeping beautyလိုအလွေလးအလား။ ေနာက္ေတာ့ သူမသည္အထုတ္အပိုးေတြကိုျပင္ပီး ထြက္ေျပးေတာ့သည္။

ထြက္ေျပးလာပီးေနာက္ သူမ သူမ၏ကဒ္ကိုစစ္ၾကည့္လုိက္ခ်ိန္၌ သူမတြင္ ေဒၚလာ၂၅၀ သာရွိသည္။ သူမသည္ ေျခေထာက္ကိုဖက္ထားပီး ဂ်ီက်ေနသည့္သူမသားကို ငံု႔ၾကည့္လိုက္မိသည္။ သူမသည္ ေကာင္းကင္ကိုေမာ့ၾကည့္ပီး ရင္ထုကာငိုခ်လိုက္ခ်င္ေတာ့သည္။ သူမျပန္လွည့္ပီး ဇာတ္လိုက္အတြက္ ဓားေသြးေက်ာက္အျဖစ္ခံဖို႔ ​ေနာက္မ်ားက်သြားပီလားဟင္?

.
.
.

ယန်ရှုယွီ
သူမသည် အပ်ကြောင်းထပ်ဇာတ်လမ်းများဖြစ်သည့် CEOဝတၳုတွေ၏အကြီးစားဖန်တစ်ယောက်ဖြစ်သည်။
တစ်ချိန်၌ သူမသည် စာအုပ်တစ်ခု၏ကမ်ဘာထဲသို့ရောက်သွားချိန်မှာတော့

...

ထိုဝတၳုထဲ၌ ဇာတ်လိုက်သည် အလွန်ချမ်းသာသည့်CEOတစ်ယောက်ဖြစ်ပီး ထိုသူထံတွင်တော့ အကျင့်မကောင်းသည့်မိထွေးတစ်ယောက် ရှိလေသည်။ လူရှေ့သူရှေ့တွင်တော့ သူမသည် ဇာတ်လိုက်အပေါ် အမေရင်းတစ်ယောက်လို နူးနူးညံ့ညံ့နှင့် ​ကောင်းကောင်းမွန်မွန်ဆက်ဆံပြပီး တကယ့်တကယ်တမ်းကတော့ သူမသည် သူမသားနှင့်ပူးပေါင်း၍ ဇာတ်လိုက်ကို အမြဲအနိုင်ကျင့်နေသောသူဖြစ်သည်။ ဇာတ်လိုက်နှင့် သူ့အဖေကို အပီးအပိုင်သွေးခွဲပီးသွားသည့်အချိန်မှာတော့ သူမ၏လိုဘတွေက ပိုပိုပီးကြီးထွားလာကာ ဇာတ်လိုက်၏အမွေတွေကိုပင် လောဘတက်လာသည်။

စာအုပ်၏ဒုတိယအပိုင်းမှာတော့ ဇာတ်လမ်းရဲ့အမှန်တရားကထွက်ပေါ်လာတော့သည် - တကယ်တမ်းကတော့ ဇာတ်လိုက်၏အဖေဖြစ်သူသည် သူ၏နောက်မိန်းမအပေါ်တွင် ခံစားချက်ဆိုသည်အရာ မြူမှုန်လေးတစ်စက်မျှတောင်မရှိပေ။ သူသည် သူ့သား၏အရည်အချင်းတွေကို ပိုပီးထက်မြက်လာအောင်လုပ်ဖို့အတွက် သူမကို အသုံးချရုံသက်သက်သာ။ နောက်ဆုံးမှာတော့ ဇာတ်လိုက်သည် မိသားစုပိုင်စီးပွားရေးလုပ်ငန်းစုတစ်ခုလုံးကို သိမ်းပိုက်လိုက်နိုင်ပီး ထိုမိထွေးဖြစ်သူနှင့် သူ့သားတို့ကိုတော့ အကျဉ်းထောင်ထဲထည့်လိုက်လေသည်။

ယန်ရှုယွီသည် ထိုဝတၳုထဲသို့ရောက်သွားပီး ထိုမုန်းစရာကောင်းသည့် ဗီလိန်မိထွေးဖြစ်လာတော့သည်။ သို့ပေမယ့် သူမရောက်သွားသည့်အချိန်က ဘာမှမဖြစ်သေးသောအချိန် ဖြစ်သည့်အပြင် ဇာတ်လိုက်သည်ကလည်း ဘာမှမသိနားမလည်သေးသည့် ကလေးသာသာပဲရှိသေးသည်။ ယန်ရှုယွီသည် သူမ၏ခင်ပွန်းဖြစ်သူလို့ပြောရမည့်သူကိုကြည့်လိုက်တော့ ထိုသူသည် sleeping beautyလိုအလှလေးအလား။ နောက်တော့ သူမသည်အထုတ်အပိုးတွေကိုပြင်ပီး ထွက်ပြေးတော့သည်။

ထွက်ပြေးလာပီးနောက် သူမ သူမ၏ကဒ်ကိုစစ်ကြည့်လိုက်ချိန်၌ သူမတွင် ဒေါ်လာ၂၅၀ သာရှိသည်။ သူမသည် ခြေထောက်ကိုဖက်ထားပီး ဂျီကျနေသည့်သူမသားကို ငုံ့ကြည့်လိုက်မိသည်။ သူမသည် ကောင်းကင်ကိုမော့ကြည့်ပီး ရင်ထုကာငိုချလိုက်ချင်တော့သည်။ သူမပြန်လှည့်ပီး ဇာတ်လိုက်အတွက် ဓားသွေးကျောက်အဖြစ်ခံဖို့ ​နောက်များကျသွားပီလားဟင်?

ဇာတ္လိုက္ရဲ႕ဗီလိန္မိေထြး/ဇာတ်လိုက်ရဲ့ဗီလိန်မိထွေးحيث تعيش القصص. اكتشف الآن