💜Intro💜

47.8K 1.3K 31
                                    

Unicode

💜 System created 💜 ဆိုတဲ့ bl ficလေးက မကြာခင်လာတော့မယ်နော်
System created လေးကိုဖတ်မယ့် စာဖတ်သူလေးတွေက ဒီထဲက seme ဖြစ်တဲ့ ကျိုက်လဲ့ကျီ (အမည်တု) [နာမည်အရင်းက မဖော်ပြသေးဘူး😁😁] အကြောင်းလေး နည်းနည်းသိထားသင့်တယ်နော်
💜 သူလေးက ထန်နိုင်ငံတော်ရဲ့ မင်းသားတစ်ပါးဖြစ်ပြီး သူ့အမေက ယောကျ်ားပေးစားမယ်ဆိုလို့ ထွက်ပြေးရင်း မေနန်းဟွားဆိုတဲ့ အလှလေးနဲ့တွေ့သွားတဲ့သူလေးပါ
💜 ယောကျ်ားမယူချင်တဲ့သူက မေနန်းဟွားနဲ့တွေ့တော့ စိတ်ပြောင်းသွားတယ်တဲ့လေ
💜 သူ့မှာ ကျင့်ကြံသူတွေ မယှဥ်နိုင်တဲ့ အစွမ်းတွေအများကြီးရှိတယ် ဒါပေမယ့် သူ့ကျင့်စဥ်အစွမ်းတွေက တစ်ခုသုံးမိတိုင်း အဆိပ်တစ်ခုကထဖောက်တာကြောင့် မသုံးရဲဘူးဖြစ်နေရှာတယ်
💜 စကားအရမ်းပြောပြီး ​ဂိုဏ်းမှာဆို အမွှေစိန်လေးပါ
💜 နောက်တစ်ခုကတော့ #တိမ်ယံလွှမ်းတဲ့တောင် ဖတ်ဖူးသူတိုင်း ချင်းချုံးနဲ့ လော့လော်ကို သိပါလိမ့်မယ်နော် သူလေးက လော့လော်ရဲ့မျိုးဆက်လေးပါ.... လော့လော်က သူ့ရဲ့ဘေးတော်ပေါ့ ဒီထဲမှာ သူတို့အကြောင်း တစ်ပိုင်းတစ်စလည်း ပါနိုင်လို့ တိမ်ယံလွှမ်းတဲ့တောင်ကိုမဖတ်ဖူးရင် ဖတ်ချင်ရင် ရှာဖတ်နိုင်ပါတယ်
💜 သူက system ဖန်တီးထားတဲ့ အဓိကဇာတ်ကောင် ဖြစ်ပြီး သူ့ရဲ့အစွမ်းတွေကို ထောက်ပံ့ပေးဖို့အတွက် အပြင်လောကက လူငယ်လေးက မေနန်းဟွားကိုယ်ထဲ ဝင်လာပြီး မစ်ရှင်တွေနဲ့ ကူညီပေးသွားမှာပါ
💜 ဘယ်တော့မှ အတည်တကျတွဲမလဲ သာသာလည်းသိဘူး ..... ကျိုက်လဲ့ကျီ (seme)က စကားများသလောက် မေနန်းဟွား(uke)လေးက စကားနည်းပြီး အရမ်းရှက်တတ်ပါတယ်

မေနန်းဟွား (uke)
🤍 ယောကျ်ားလေးပေမယ့် မိန်းမလှလေးတွေ ရှုံးအောင် အရမ်းလှတဲ့ အလှလေးပါနော်
🤍 သူလေးက အရမ်းလှလို့ တစ်ချို့သောသူတွေရဲ့ မျက်စောင်းထိုးစရာဖြစ်လာပြီး အစ်မဝမ်းကွဲရဲ့အဆိပ်ခတ်ခြင်းခံကို ခံခဲ့ရတယ်
🤍 အဲ့ဒီအဆိပ်ကြောင့် သူ့မှာနေပူထဲ မထွက်ရဲဘူး နေရောင်ခြည်နဲ့တွေ့တာနဲ့ သူ့အသားအရေက မီးနဲ့အရှို့ခံရသလို အရမ်းနာတယ် ပူလာတယ်
🤍 နောက်တော့ သူ့အစ်မကသူ့ကို နေပူပြင်းတဲ့မျက်ခင်းပြင်မှာ ချပစ်ခဲ့တော့ အဆိပ်ကြောင့် သူသေသွားတယ်
🤍 အဲ့ဒီမှာ system အကူအညီနဲ့ ခေတ်ကကောင်လေးဖြစ်တဲ့ စုန်ဟုန်းဟိုင်က သူ့ကိုယ်ထဲဝင်စားပြီး ဒုတိယမေနန်းဟွား ဖြစ်လာခဲ့တယ်
🤍 အဲ့မှာလွဲတာက အရင်မေနန်းဟွားက အရက်သောက်ပြီး မိန်းကလေးတွေနဲ့ ပျော်ပါးရတာ ကြိုက်ပြီး နောက်ထပ်ရောက်လာတဲ့ မေနန်းဟွားကတော့ အရက်လည်းမသောက်နိုင်သလို မိန်းကလေးတွေကိုလည်း မထိဘူး
🤍 systemကပေးတဲ့ သူရဲ့တာဝန်ကတော့ မစ်ရှင်တွေလုပ်ဆောင်ရမည်။ ဇာတ်လိုက်ကို ကျင့်ကြံခြင်းနတ်ဘုရား ဖြစ်လာအောင် ကူညီပေးရမယ်
🤍 အချစ်နဲ့မထိတွေ့ဖူးတဲ့ လူငယ်လေးက ဇာတ်လိုက်ရဲ့ဂရုစိုက်မှုအောက်မှာ ဘယ်လိုတွေအရည်ပျော်သွားမလဲဆိုတာတော့😁😁

System created (Completed)Where stories live. Discover now