💜Part (141)💜

2.9K 271 2
                                    

System created

                      💜141💜

"ဖေဖေကြီး....."
{"ဝူလေး.... ဘာဖြစ်လို့လဲ သမီးကိုကို ပြန်လာပြီလား"}

"ပြန်လာရုံတင်မဟုတ်ဘူး သူနဲ့ကိုကိုကြီးကျင်းက အခြေအနေတွေ တိုးတတ်ကုန်ပြီ..."
{"ဟုတ်လား?}

       တစ်ဖက်ကလဲ့ကျီအသံမှာ တအံ့တသြ ဖြစ်နေပုံပဲ။ သူ့သားက သူ့ထက်တောင် သွတ်နေသလိုပင်။

{"ဒါပေမယ့် ဝူလေးက သူတို့ထက်ပိုပျော်နေသလိုပဲ"}
"ဒါပေါ့....သူတို့မြန်မြန်ယူမှ ဝူလေးနဲ့အတူ ကစားဖို့ အဖော်ရမှာ.... ဟီး.... ဟိုမှာ ပါ့ပါးလာနေပြီ"

        လဲ့ကျီနဲ့ စုန်ဟုန်းဟိုင် စကားပြောနိုင်ရန် သူမက ခေါင်းလောင်းကို လွှဲပေးလိုက်ပြီး ယုန်သုံးကောင်ကို ပွေ့ကာ သူမအိပ်ခန်းဆီ ပြောင်းရွေ့သွား၏။ သူမထံတွင် လဲ့ကျီ ပေးထားတဲ့ ယုန်တွေအပြင်၊ ကျားပေါက်တစ်ကောင်နဲ့ နှစ်၁၀၀၀ ကြိုးကြာဖြူတစ်ကောင်လည်း ရှိသည်။

        လော့ရင်းဝူ အခန်းထဲဝင်တော့ ကြိုးကြာဖြူက အတောင်တွေဖြန့်ကာ တစ်ခန်းလုံး ပတ်ပြေးနေပြီး ကျားဖြူပေါက်စက သူ့ကိုလိုက်နှောက်ယှက်နေ၏။

"လောင်းဟူ.... နင်အခု ရပ်လိုက်စမ်း!"

        လော့ရင်းဝူ အော်ငေါက်လိုက်ရာ ကျားဖြူပေါက်စက ချက်ချင်းရပ်သွားကာ ခြေခေါင်းလေးတွေကုတ်ပြီး ကြမ်းပြင်တွင် ဝပ်နေလေသည်။

"ငါ့အခန်းထဲမှာ မဆော့ပါနဲ့ဆို...."

        လော့ရင်းဝူ ယုန်တွေကိုချပေးလိုက်ပြီး အိပ်ရာပေါ်တတ်သွားသည်။ သားရဲငါးကောင်လည်း သခင်ဖြစ်သူ၏ ခုတင်အောက်တွင် အသီးသီး ဝင်ကွေးကုန်လေသည်။ လော့ရင်းဝူမှာ ကြိုးကြာဖြူကိုကြည့်ရင်း သူအသက်၉နှစ်အရွယ်တွင် တွေ့ခဲ့ရသော ချီစန်းကို သတိရသွား၏။

        ကြိုးကြာဖြူက ချီစန်းကိုယ်တိုင် သူ့ကို ​မွေးနေ့လက်ဆောင် ပေးခဲ့သည့် သားရဲဖြစ်သည်။ သူ့မွေးနေ့ပွဲကို ချီစန်းလာခဲ့ပေမယ့် မျက်နှာကတော့ မပြောင်းချေ။ ဇီယဲ့ဝမ်က ကျင့်ဖုန်း၏အမြုတေကို နှုတ်ယူမသွားသော်လည်း ကျိန်စာစည်းတံဆိပ်ကြောင့် ကျင့်ဖုန်းခန္ဓာကိုယ်ဟာ ရေခဲရုပ်ထုအဖြစ် ပြောင်းလဲသွားခဲ့သည်။

System created (Completed)Where stories live. Discover now