💜Part (25)💜

5.7K 723 6
                                    

Unicode
System created

                       💜25💜

"ဟင်! နန်းဟွား?"

       လီချူးမှာ ဟိတ်ကြီးဟန်ကြီးဖြင့် နန်းဆောင်ငယ်ပေါ် တက်လာပြီးမှ မေနန်းဟွားကိုမြင်သောအခါ သူတင်းထားသမျှ မာနတွေဟာ ကျိုးကြေသွားတော့သည်။ မေနန်းဟွားက သူ့ကိုခေါင်းအသာညိတ်ပြ၍ နှုတ်ဆက်လာ၏။

"နန်းဟွား ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ... ရေပြာတောင်ဂိုဏ်းကို ပြန်မလို့မဟုတ်လား"
"ကိစ္စရှိသေးလို့ ဂိုဏ်းကိုမပြန်သေးတာပါ"

"ဘာကိစ္စများလဲ.... အဲ့ဒီပြဿနာကောင်က ပြဿနာရှာထားလို့ နန်းဟွား လိုက်ရှင်းနေရတာလား"
"မဟုတ်ပါဘူး "

'ဒုန်း!'

        သည်းခံနိုင်စွမ်း အလွန်နည်းပါးတဲ့ ကျိုက်လဲ့ကျီက စားပွဲကိုထုလိုက်တော့သည်။

"မင်းနဲ့ဘာဆိုင်လဲ"
"မဟုတ်လို့လား.... ဒီလောကမှာ မင်းပြဿနာမရှာဖူးတဲ့ နေရာရှိလား ပြော.... ဒါပေမယ့် မင်းရဲ့ပြဿနာထဲမှာ နန်းဟွားကိုတော့ ဆွဲမထည့်နဲ့.... "

"ရှည်ပြန်ပြီ.... "
"မင်း!"

"ကောင်းပါပြီ တော်ကြပါတော့.... လီသခင်လေး ကျွန်တော်တို့လည်း လုပ်စရာလေးရှိသေးလို့ သွားခွင့်ပြုပါအုံး"
"နေပါအုံး နန်းဟွား.... နန်းဟွားက ဘယ်ကိုသွားမလို့လဲ"

       ကျိုက်လဲ့ကျီက မေနန်းဟွားလက်ကို အတင်းစောင့်ဆွဲ၍ သူ့အနားမှာကပ်ထားလိုက်သည်။

"အရှင့်သားက ငါနဲ့အတူလိုက်မှာ.... မင်းနဲ့မဆိုင်ဘူး လီချူး မိန်းမကြီးလိုအရှင့်သားနားကို ကပ်ချင်မနေနဲ့"
"မင်းဘာပြောတယ်!"

        လီချူးသည် ဒေါသကငယ်ထိပ်ကို ရောက်သွားတာကြောင့် ချက်ချင်းပဲ ဓားဆွဲထုတ်ကာ ကျိုက်လဲ့ကျီအား ခုတ်ပိုင်းပစ်လေသည်။ ဓားစွမ်းအင်က သူနဲ့မေနန်းဟွားကြားကို ဖြတ်သန်းလာတာမို့ ကျောက်စိမ်းဖြူလက်ကလေး တစ်ခုခုဖြစ်သွားမှာ စိုးသည့်အတွက် မေနန်းဟွားလက်ကို အမြန်ပဲ ဖြုတ်ချလိုက်သည်။

"လဲ့ကျီ...."

'ဝွီ.....'

        လဲ့ကျီ ဂျွမ်းထိုးရှောင်လိုက်ပေမယ့် မေနန်းဟွားအတွက် ပူပန်သောစိတ်ကြောင့် သူ့မှာဘယ်လိုမှ ပြန်မခုခံနိုင်လိုက်ဘဲ လီချူး၏ဓားချက်ကြောင့် နန်းဆောင်ငယ်လေးအောက်ကို လွင့်ထွက်သွား၏။

System created (Completed)Where stories live. Discover now