💜Part (64)💜

4.4K 528 5
                                    

Unicode
System created

                       💜64💜

        အိမ်ရှေ့စံမင်းသားဖြစ်သော မင်းသားသုနှင့် မင်းသမီးယွဲ့ယုံသည် လဲ့ကျီထံကို တမ်းတမ်းမတ်မတ် လျှောက်လာနေကြသည်။

"ညီလေး..... မင်းက မင်းရဲ့အစ်ကိုကြီးကို တွေ့တာတောင် ထမနှုတ်ဆက်ဘူးနော် သွေးအေးလိုက်တာ"
"ငါဘယ်တုန်းကများ မင်းနဲ့တည့်သွားတာလဲ"

"ဟားဟားဟား.... ညီလေး မင်းကအရင်အတိုင်းပဲနော် .... ငါတို့မင်းသတင်းတွေ ကြားရပါတယ်.... ငါအခုလာတာက မင်းဆီက အိမ်ရှေ့စံတံဆိပ်တုံး လာယူတာ.... မင်းကဂိုဏ်းချုပ် ဖြစ်သွားပြီဆိုတော့ အိမ်ရှေ့စံမင်းသားတော့ မဖြစ်နိုင်တော့ဘူးလေ ဟုတ်တယ်မလား"

        မေနန်းဟွားမျက်လုံးတွေ လဲ့ကျီ၏ တင်းကျပ်နေသည့် လက်သီးဆုပ်ဆီ ရောက်သွားသည်။ လဲ့ကျီဒေါသပြေအောင် ထိုလက်သီးကို လှမ်းဆုပ်ကိုင်ပေးထားချင်၏။ သူလက်လှမ်းသော်လည်း မိမိတို့အခြေအနေက လုပ်လို့မဖြစ်ကြောင်း သတိရကာ နောက်ဆုတ်လိုက်သည်။

       ထန်နိုင်ငံတော်မှာ လဲ့ကျီကို သူ့အဖေနဲ့အမေကသာ ချစ်မြတ်နိုးပြီး ကျန်သောသူများကတော့ သူ့ကိုမျက်စိထဲတောင် မထည့်ပေ။ လဲ့ကျီကလည်း သူ၏မောင်နှမများနှင့် မတည့်။ ယခုလည်း သူ့အဖေက သူ့အစ်ကိုရဲ့ စကားတစ်ခွန်းကြောင့်နဲ့ သူ့ကိုအိမ်ရှေ့စံ ရာထူးကနေ ဖြုတ်ချလိုက်လေပြီ။

        ထန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ဆိုတဲ့နေရာကို လဲ့ကျီအနေနဲ့လည်း မက်မောခဲ့ခြင်း မရှိပါ။ အစကတည်းက ထန်နိုင်ငံက မိသားစုဆိုတာ သူ့အတွက် မြူမှုန်တစ်စလောက်တောင် မရှိခဲ့ဘူးမဟုတ်ပါလား။

       ထိုအချိန် မင်းသမီးယွဲ့ယုံက အိမ်ရှေ့စံမင်းသား၏ အရှေ့ကိုတက်လာ၍ မေနန်းဟွားကို ပြုံးစိစိနဲ့ စိုက်ကြည့်နေသည်။ မေနန်းဟွားက အရမ်းနာမည်ကြီးတဲ့သူလေ။ မြို့တစ်မြို့မှာ အနည်းဆုံးတော့ သူ့ရဲ့ပုံတူပန်းချီကား သုံးလေးချပ်လော​က် ရှိသည်။

        မင်းသမီယွဲ့ယုံက သူမကိုသိသော ပုံဖြင့် လှမ်းပြုံးပြသည်။

System created (Completed)Where stories live. Discover now