💜Part (107)💜

3.3K 406 3
                                    

System created

                      💜107💜

       လဲ့ကျီနဲ့စုန်ဟုန်းဟိုင် တစ်ယောက်ကိုတစ်ယောက် ချစ်ကြင်နာစွာ စကားပြောနေကြစဥ် မနီးမဝေးတွင် အားချုံးနဲ့ အားယောင်းလေးတို့သည် လက်ချင်းတွဲလျက် လျှောက်လာလေရာ အဖေနှစ်ယောက် စကားပြောနေတာမြင်တော့ ရပ်သွားကြသည်။

        အားချုံးက အားယောင်းအား မော့ကြည့်လိုက်သည်။

"ကိုကိုအားယောင်း"
"ဟင်"

"ခမည်းတော်က ဘာလို့ပါ့ပါးကို နမ်းတာလဲ"
"သူတို့က လက်ထပ်ထားတဲ့ ချစ်သူတွေမို့လေ... ချစ်တဲ့သူတွေမို့ နမ်းကြတာ... အားချုံးကငယ်ပါသေးတယ် ကြီးလာရင် နားလည်လိမ့်မယ်"

"ငယ်ရင် နမ်းလို့မရဘူးလား"
"ဟင်!"

"အားချုံးကော သူများကို နမ်းလို့မရဘူးလား"
"အားချုံးချစ်တဲ့သူ အားချုံး ယုံကြည်တဲ့သူ.... အားချုံးက အဲ့ဒီလူကို ချစ်ခင်ကြင်နာမယ်ဆိုရင်တော့ နမ်းလို့ရတာပေါ့"

"ဒါဆို သားကြီးလာရင် ကိုကို့ကို နမ်းလို့ရပြီလား"
"အာ?"

       အားယောင်းမှာ မသိနားမလည်သေးသည့် သူ့ထက်ငယ်သော အားချုံးစကားကြောင့် ရယ်ရမလိုငိုရမလို ဖြစ်သွားရှာသည်။ အားချုံးစိတ်ပြောင်းသွားအောင် တခြားတစ်နေရာသို့ လက်ဆွဲခေါ်သွားပြီး ကစားနေလိုက်တော့မှ အားချုံး စောစောက ကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။

       တစ်ဖက်မှာတော့ လဲ့ကျီသည် သိဒ္ဓိရေစင်ကို မိုးမခပင်ခြေက ကန်ထဲ အပြည့်ထည့်ပြီးပြီ ဖြစ်လေသည်။ သန့်စင်တဲ့ သိဒ္ဓိကျောက် သုံးလုံးကို တြိဂံပုံသဏ္ဍာန်ဖြင့် ရေစင်ထဲ ထည့်လိုက်၏။ system ထဲကနေ ပစ္စည်းတွေ လဲလှယ်ယူမယ်ဆိုရင်တောင် ဒီကမ္ဘာက သူနေခဲ့တဲ့နေရာလို လျှပ်စစ်မီးမရှိ။

        ထို့ကြောင့် မီးဆွဲများကို ထောက်ပံ့ပေးဖို့ သိဒ္ဓိကျောက်ကို သုံးရမည်။

"လဲ့ကျီ မင်းထည့်လိုက်တာ သက်တမ်းဘယ်လောက်ရှိလဲ"
"သက်တမ်း၁၀၀..."

"၁၀၀?.... အင်း အဲ့ဒါဆို ဆယ်နှစ်လောက်ကတော့ ဒီသစ်ပင်က လင်းနေတော့မှာပဲ"
"ကောင်းတာပေါ့.... ကိုယ်တို့အိမ်ကြီး တစ်အိမ်လုံး တစ်တောင်လုံး အဲ့လိုလင်းနေမယ်ဆို ပိုတောင်ကောင်းသေးတယ်.... ဒါနဲ့ ဟုန်းအာ"

System created (Completed)Where stories live. Discover now