💜Part (126)💜

3.2K 347 5
                                    

System created

                      💜126💜

       ထိုအချိန် လဲ့ကျီမျက်လုံးတွေ တောက်ပသွားကာ ရှဲ့ဟန်တစ်ယောက်ကတော့ မျက်မှောင်ကြီး ကျုံ့သွားလေသည်။ သူမ မကျေနပ်ပါ။ သူက လဲ့ကျီရှေ့ ဝင်ရပ်လိုက်ပြီး။

"နင်ဘာပြောတာလဲ.... သခင်လေးမှာ ဇနီးမရှိဘူး"
"ဒါပေမယ့် အကြီးအကဲလဲ့က လက်ထပ်ပြီးသားလို့ ကျွန်မကြားတယ်... ကလေးတစ်ယောက်တောင် ရပြီးပြီတဲ့လေ... ကျွန်မကိုယ်တိုင် ဂိုဏ်းချုပ်ချီဆီက ကြားလာခဲ့တာပါ"

        ရှဲ့ဟန်မျက်နှာက ပိုလို့ရုပ်ဆိုးသွား၏။

"မဟုတ်ဘူး.... သခင်လေး လက်ထပ်ထားတာ ယောကျ်ားတစ်ယောက်ပဲ ဒါပေမယ့် နင်ချုပ်ထားတာက သေးလွန်းတယ် ယောကျာ်းတစ်ယောက်က ဘယ်လိုလုပ် ဝတ်လို့ရမှာလဲ... ပြီးတော့ "

        သူမက လှပတဲ့ အပြုံးတစ်ပွင့် ဖန်ဆင်းလိုက်ကာ။

"ကျွန်မနဲ့ သခင်လေးက အတူနေရတော့မှာဆိုတော့ ဒီဝတ်ရုံကို ကျွန်မပဲယူလိုက်တော့မယ်"

        လဲ့ကျီကတော့ ခေါင်းအသာခါ၍ ပန့်သွမ်ဆီက ဝတ်ရုံကိုယူလိုက်လေသည်။ ပြီးနောက် သူ့သိုလှောင်ဓားအိမ်ထဲ ထည့်သိမ်းကာ။

"ကျေးဇူးပါ အစ်မ...."
"ရပါတယ်.... ဒါနဲ့ သခင်လေးက မမလေးဟန်ကို တကယ် လက်ထပ်မှာလား"

        လဲ့ကျီ ပါးစပ်ဟမည်အပြင်။

"သေချာတာပေါ့... ငါ့အဖေကို သခင်လေးက ကတိပေးခဲ့တယ်လေ သခင်လေးကငါ့ကို ဂရုစိုက်ပါ့မယ်လို့"

"အဲ့လိုလား....."

        တံခါးဝက ဝင်လာတဲ့ အသံတစ်သံကြောင့် လဲ့ကျီတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် တုန်ယင်သွား၏။ ဒီလောကမှာ သူအကြောက်ဆုံးက စုန်ဟုန်းဟိုင်သူ့ကို တစ်ခုခု အထင်လွဲသွားမှာကိုပဲ။

       သူချာခနဲလှည့်ကြည့်တော့ အစစ်အမှန် စုန်ဟုန်းဟိုင်ဖြစ်နေသည်။ ခဏလေးတောင် တုံ့ဆိုင်းမနေဘဲ ထိုသူလေးဆီ ပြေးသွားပြီး ဖက်ထားလိုက်၏။ ဗိုက်လုံးလုံးလေးက သူ့ကြွက်သားတွေကို လာထောက်နေတာ ခံစားရသည်။

System created (Completed)Where stories live. Discover now