💜Part (38)💜

4.7K 605 8
                                    

Unicode
System created

💜38💜

"မင်းတွေ့ခဲ့တဲ့ အစိမ်းရောင်အမှုန်တွေဆိုတာ အတုအယောင်ကို ဖန်ဆင်းနိုင်တဲ့ အစီအရင်ကနေ ဖြစ်ပေါ်လာတဲ့ အမှုန်တွေ.... အဲ့ဒီအမှုန်ကိုသုံးပြီး နတ်လက်နက်နားတစ်ဝိုက်မှာ ချလိုက်တာနဲ့ ရှေးဟောင်းကြိုးကြာဖြူဝိညာဥ်က နတ်လက်နက်ယူသွားရင်တောင် ဘာမှပြန်မလုပ်နိုင်ဘူး"
"ဘယ်လို?"

"တကယ်တော့ အဲ့ဒီအမှုန်က နှစ်၅၀၀၀သတ်တမ်းရှိတဲ့ သိဒ္ဓိကျောက်တစ်ခုရဲ့ အမှုန်တွေပဲ.... အံ့သြဖို့ကောင်းအောင် အစွမ်းထက်တယ်"
"ကျွန်တော်သိပြီ ကျွန်တော်ကြားဖူးတယ်.... အမြင့်ဆုံးသော စွမ်းအင်ကျောက်မျိုး ဟုတ်တယ်မလား"

"အင်း"
"အဲ့ဒီကျောက်မျိုးက ရှေးဟောင်းကြိုးကြာဖြူဝိညာဥ်လို သားရဲကြီးတွေကိုတောင် အမိန့်နာခံလာအောင် လုပ်နိုင်တယ်လေ.... လတ်စသတ်တော့ သူကအဲ့တာကို သုံးသွားတာကိုး.... ရှေးဟောင်းကြိုးကြာဖြူဝိညာဥ်က အသံတောင်မထွက်နိုင်ဘဲ ဖိအားပေးခံလိုက်ရတယ်"

"ပြီးတော့ ငါအခုပြောတဲ့အကြောင်း မင်းရဲ့ရှစ်ဖူကို ပြောပြထားလိုက်.... ငါလည်း ရှစ်ဖူကို အကြောင်းစုံသွားပြောပြထားမယ်"
"အင်း....."

ကျိုက်လဲ့ကျီသည် ခေါင်းညိတ်ပြပြီး ထသွားရန်ပြင်ပြီးမှ ပြန်ထိုင်ချကာ။

"အရှင့်သားက ဘာလုပ်ချင်နေတာလဲ"
"အာ...."

"သွားမှတော့ အတူတူသွားမယ်လေ.... ဘာလို့အရှင့်သားကို တစ်ယောက်တည်း ထားခဲ့ရမှာလဲ မနက်စာရောက်ပြီ ကျွန်တော်တို့အတူတူ စားရအောင်"
"အင်း....."

ကျိုက်လဲ့ကျီသည် လက်တစ်ဖက်က မေနန်းဟွား၏တံတောင်ဆစ်ကို ကိုင်ထားပေးပြီး ကျန်တစ်ဖက်က မေနန်းဟွားလက်ကောက်ဝတ်ကို ဆုပ်ကိုင်ပေးထား၏။ ခုတင်ပေါ်ကနေ ထဖို့အတွက် တွဲပေးနေတာကတော့ မေနန်းဟွားသည် သူ့အမြင်တွင် အထိမခံတဲ့ ရွှေကြာပန်းလေးလို့ ဘုတ်ခနဲ ပြန်လဲကျသွားမှာ စိုးမိသည်။

မေနန်းဟွားက သူထနိုင်တဲ့အကြောင်းနဲ့ လမ်းလျှောက်နိုင်တဲ့အကြောင်းကို မျက်ရိပ်ပြသော်လည်း ကျိုက်လဲ့ကျီက လက်မခံချေ။

System created (Completed)Where stories live. Discover now