💜Part (135)💜

2.8K 315 4
                                    

System created

                      💜135💜

        ရှောင်မျိုးနွယ်စုက လက်အောက်ငယ်သားများကို ခေါင်းဆောင်ရသော လူကြီးတစ်ယောက်သည် သူတို့အတွက် ပြင်ဆင်ထားသော အခန်းဆီကို လိုက်ပို့ပေးသည်။ ကံမကောင်းစွာနဲ့ ရှောင်မျိုးနွယ်စုမှာ ကုန်သွယ်ရေး ပြုလုပ်နေတာကြောင့် ရှောင်မျိုးနွယ်စုရဲ့ အခန်းတွေက ပြည့်နေပြီ။

        သူတို့အတွက်က အခန်းနှစ်ခန်းသာ ပိုတော့သည်။ ယွင်ချီးက လော့ချုံးရွဲရဲ့ ဂိုဏ်းတူညီမလေးအဖြစ် လိုက်လာခဲ့တာမို့ အနေအထိုင် ဆင်ခြင်ရပေမည်။ အသည်းထဲကမုန်းသော ထိုသူကို သတ်ချင်ပေမယ့် စိတ်ထိန်းနေရ၏။

       ယွင်ချီး အခန်းထဲဝင်ခါနီးတွင်။

"ယွင်ချီး....."

        သူမအနောက်လှည့်ကြည့်သော် သူမခေါ်သောသူက လော့ချုံးရွဲ ဖြစ်နေသည်။

"သခင်လေး...."
"ဒါက နှစ်၅၀၀ သိဒ္ဓိကျောက်... မင်းရဲ့ကျင့်ကြံခြင်းအတွက် အထောက်အကူ ပြုလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် သခင်လေး... ကျေးဇူးတင်ပါတယ်"
"ကိစ္စမရှိပါဘူး... မင်းလေ့ကျင့်တဲ့အခါ အကာအကွယ်စည်း တစ်ခုလုပ်ပြီးမှ လေ့ကျင့်... မင်းအထဲဝင်တော့လေ"

"ဟုတ်ကဲ့"

       သူမအခန်းထဲ ဝင်သွားတော့ လော့ချုံးရွဲလည်း မျက်နှာချင်းဆိုင်က အိပ်ခန်းထဲ ဝင်လာခဲ့သည်။ တံခါးပိတ်ပြီး ပြန်အလှည့်တွင် လက်ဝါးတစ်ခုက သူ့နှာခေါင်းကို လှမ်းပိတ်ထားလေတော့၏။ လော့ချုံးရွဲ မျက်လုံးပြူးပြူးလေးနဲ့ ကျင်းယောင်းယွမ်အား မျက်ခုံးပင့်ပြလိုက်သည်။

"ဘာဖြစ်လို့လဲ ကိုကို..."

       အသံတိုးတိုးလေးလုပ်ကာ မေးလိုက်သည်။ ကျင်းယောင်းယွမ်က တစ်ဖက်ကို မေးငေါ့ပြရာ ထိုဘက်သို့ လော့ချုံးရွဲ ကြည့်လိုက်သောအခါ အမွှေးတိုင်အိုးတစ်လုံးကို တွေ့ရလေသည်။ အမွှေးအိုးကြောင့် တစ်ခန်းလုံး မွှေးကြိုင်နေ၏။ သို့သော် တစ်ခုခုကတော့ မူမမှန်သလို ခံစားနေရသည်။

       လော့ချုံးရွဲနှာခေါင်းကို အုပ်ပေးထားသော ကျင်းယောင်းယွမ်ရဲ့လက်တွေက ပြန်မရုတ်သေးချေ။

System created (Completed)Wo Geschichten leben. Entdecke jetzt