💜Part (84)💜

5.5K 615 13
                                    

Unicode
System created

                       💜84💜

"လဲ့ကျီ.... အားချုံးကို ရေမချိုးခိုင်းတော့နဲ့"
"အာ?... ဘာလို့လဲ ဒီမှာရေက သိပ်မအေးပါဘူး... ပြီးတော့ အားချုံးက ကိုယ့်သွေးပါတော့ လွယ်လွယ်နဲ့ မဖျားနိုင်လောက်ပါဘူး"

"လဲ့ကျီ...."
"လုပ်ပါ.... ရေချိုးပါရစေ နော်.... နော်လို့"

"ပါ့ပါးရယ် နော်လို့"

       သားအဖနှစ်ယောက် ချွဲပျစ်နေတဲ့ အသံများနဲ့ပြောလာတော့လည်း စုန်ဟုန်းဟိုင် မငြင်းဆန်နိုင်တော့ဘဲ ခေါင်းညိတ်လိုက်ရသည်။ သူကတော့ ခြင်းတစ်ခုနဲ့ မြစ်ကမ်းဘေးက အလေ့ကျပေါက်တဲ့ အရွက်များကို ခူးနေလေသည်။

       ရေကစားနေတဲ့ နှစ်ယောက်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရသေးသည်။ ချောင်းက ရေတံခွန် သေးသေးလေးတွေ များလို့ ငါးသိပ်မရှိချေ။ ရှိရင်တောင် အားချုံးကြိုက်တဲ့ ငါးတွေက တွေ့ရခက်လောက်သည်။

        ထိုအခိုက် မနီးမဝေးက သစ်ပင်ထက်ကို လာနားသော ငှက်ကြီးတစ်ကောင်ကို လဲ့ကျီ လှမ်းတွေ့သည်။ သူက အားချုံးကို ကျောက်တုံးပေါ် တင်လိုက်ပြီး

"ငှက်သားစားမလား..."
"ငှက်သား?"

"အွန်း.... စားလို့ကောင်းတယ် အားချုံး မစားဖူးသေးဘူး မဟုတ်လား"
"ဟင့်အင်း... စားမယ် စားမယ်"

"ရှူး......"

        ဝမ်းသာအားရ လက်ခုပ်ထတီးတော့မှာ စိုးသည့်အတွက် တိုးတိုးနေရန် အချက်ပြလိုက်ရသည်။ ဤတော့ အားချုံးသည် လက်ညှိုးတိုတိုလေးကို သူ့နှုတ်ခမ်းပေါ်တင်ရင်း တိုးတိုးနေမည့်အကြောင်း ပြလေ၏။

       လဲ့ကျီက ခေါင်းညိတ်ပြပြီး မနီးမဝေးက သစ်ပင်ပေါ်ရှိ ငှက်ကြီးတစ်ကောင်ဘက်ကို လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ အားချုံးက လဲ့ကျီလုပ်သမျှ သေချာကြည့်နေလျက် ရှိ၏။ ထိုအချိန်တွင် လဲ့ကျီက လက်သီးဆုပ်လိုက်တော့ အဖြူရောင် သိဒ္ဓိစွမ်းအင်များ ထွက်ပေါ်လာသည်။

        သိဒ္ဓိစွမ်းအင် အခိုးအငွေ့များသည် လဲ့ကျီ၏လက်ချောင်းများ ကြားမှ အပေါ်အောက် တစ်တန်းတည်း ဖြစ်သွားကာ လေးတစ်ချောင်း ပေါ်လာလေ၏။ အားချုံးမျက်လုံးလေးများ ဝိုင်းစက်သွားသည်။

System created (Completed)Where stories live. Discover now