💜Part (91)💜

5.1K 624 23
                                    

Unicode
System created

                       💜91💜

       လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လျက် ဘုရင်ကြီးကို စူးစိုက်ကြည့်နေသည်။ တံခါးရွက်နှစ်ခုသည် လဲ့ကျီကန်ချက်ကြောင့် တစ်စစီပြုတ်ထွက်ကာ ကျိုးပဲ့ကုန်၏။ လဲ့ကျီကိုတွေ့တော့ ဘုရင်ကြီးလည်း အလိုအလျောက် မတ်တပ်ထရပ်မိသည်။

       စောစောက ဒုန်းခနဲ အသံကြီးကြောင့် ရဲမတ်များ နန်းဆောင်ကို ဝန်းရံလာကြသည်။ ဘုရင်ကြီးနှင့် လဲ့ကျီကိုကြည့်ကာ ရဲမတ်များလည်း ဇဝေဇဝါတွေ ဖြစ်ကုန်လေ၏။

"အဲ့လိုဖြစ်နေတာကိုး....."

        လဲ့ကျီ တစ်လှမ်းချင်း ဝင်လာသည်။

"ဟုန်းအာပြောတာ တကယ်မှန်နေတာပဲ"

"လဲ့ကျီ...."
"သားတော်...."

        လဲ့ကျီ ဘုရင်ကြီးကို စိုက်ကြည့်ရင်း အနားရောက်သော် သူတို့မထင်ထားသော အရာတစ်ခုကို လုပ်လိုက်လေသည်။ ကောချွီကိုထုတ်ကာ မြင့်မြင့်မြှောက်စည်းထားသည့် အနက်ရောင် ဆံပင်ရှည်တို့ကို တစ်ဝတ်လောက်အထိ ဖြတ်ပစ်၏။

"သား....."

"အခုကစပြီး ခမည်းတော်နဲ့ သားတော်ဆိုတာ မရှိတော့ဘူး.... ကျွန်တော်က အခုအချိန်ကစပြီး ထန်နိုင်ငံက မင်းသားမဟုတ်တော့ဘူးမလို့ ချင်းချုံးက ဘုရင်ကြီးကို အခက်တွေ့စေမှာ မဟုတ်ပါဘူး"

       လဲ့ကျီ ဖြတ်ထားတဲ့ဆံပင်ကို ပစ်ချလိုက်ပြီး ကောချွီကို ဓားအိမ်ထဲ ပြန်ထိုးသွင်းလိုက်သည်။ ထို့နောက် ဘုရင်မလက်ကို သွားဆွဲကာ။

"သွားရအောင်.... မေမေ"

       ဘုရင်မ ခေါင်းတစ်ချက် ညိတ်ပြသည်။ လဲ့ကျီ မိခင်၏လက်ကို ကျစ်ကျစ်ပါအောင် ဆွဲလျက် နန်းတော်ထဲမှ ထွက်ခွာလာခဲ့၏။ ဒီတစ်ကြိမ် ဒီကိုလာခြင်းက နောက်ဆုံးအကြိမ် ဖြစ်သွားပြီ။

("ထန်နန်းတော်.... အနာဂတ်မှာ ထပ်မတွေ့ကြရအောင်")

        မြို့ထဲက အိမ်တော်ကို ရောက်တဲ့အထိ သားအမိနှစ်ယောက်လုံး တိတ်ဆိတ်နေခဲ့သည်။ ဘယ်သူ့ဘယ်သူကမှ စကားစမပြောခဲ့။ ဘုရင်မသည်လည်း တစ်လမ်းလုံး ငိုင်လာသလို လဲ့ကျီကလည်း တိတ်ဆိတ်နေ၏။

System created (Completed)Where stories live. Discover now