💜Part (98)💜

3.8K 453 0
                                    

System created

💜98💜

တစ်နေရာရောက်တော့ ပိုင်ချင်းယောင်က ရပ်လိုက်သည်။ သူမက တောင်ကြည့်မြောက်ကြည့်ဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေ၏။

ပိုင်ရှင်း ပိုင်ချင်းယောင်လက်ကို လှမ်းတို့ကာ။

"ဘာဖြစ်လို့လဲ"
"ဒီနားမှာ လိုဏ်ဂူတစ်ဂူရှိတယ်... နှင်းတောထဲမှာ မှောင်တဲ့အချိန် သွားရင် လမ်းပျောက်သွားနိုင်တယ်.... အရင်ဆုံး အဲ့ဒီမှာနားရအောင်"

"အင်း"

"အဲ့လိုလုပ်ကြတာပေါ့"

လဲ့ကျီကပါ လှမ်းပြောတော့ ပိုင်ချင်းယောင် ခေါင်းညိတ်ပြပြီး ဆက်သွားလေသည်။

"သမားတော်စုန် "

ပိုင်ရှင်းက ရုတ်တရက် အခေါ်အဝေါ် ပြောင်းသွားတာကြောင့် စုန်ဟုန်းဟိုင် နှင်းတောထဲ ကိုယ်ဟန်မနည်းထိန်းပြီး လမ်းလျှောက်နေရသည့်ကြား ရပ်တန့်သွားတော့သည်။

"သမားတော်စုန်"
"ဟင်"

သူမက နောက်ပြန်မကြည့်ဘဲ ခေါ်နေတာဖြစ်သည်။

"အဲ့တာက တကယ်ရေခဲအဆိပ်ဆိုရင် ကျွန်မတို့မျိုးနွယ်မှာ အဆိပ်မိတဲ့သူက နှစ်ဆယ်လောက်ရှိတယ်"
"အာ?"

"ကျွန်မအရင်က ပြောမိခဲ့တာတွေအတွက် တောင်းပန်ပါတယ်... ပြီးတော့ ကျွန်မတို့ကို ကုသပေးဖို့လည်း တောင်းဆိုချင်တယ်"
"ငါကြိုးစားမှာပါ"

"အင်း"

နှင်းတောထဲ ခြေသလုံးများ နစ်နစ်ဝင်ကုန်လို့ လမ်းလျှောက်ရတာ နှေးနေပြီး ခရီးကမတွင်ချေ။ ချင်းချုံးတွင် ဓားပျံစီးခွင့်မရှိတာ နှစ်၂၀လောက်တောင် ရှိသွားပြီလို့ ချင်းချုံးကိုရောက်ရောက်ချင်း ပြောသံကြားခဲ့သည်။ ဘာကြောင့်လဲဆိုတာကို လဲ့ကျီတို့လည်း မမေးမိခဲ့။

နှင်းတောထဲ လမ်းလျှောက်လာရတာ ခြေထောက်တွေတောင် အေး၍ထုံလာသည်။ ပိုင်ရှင်းက အပူပေးလည်ဆွဲ ရှိနေတာကြောင့် သူမကနေသာသည်။ သူတော်စင်ကလည်း သိဒ္ဓိစွမ်းအင် မြင့်တာကြောင့် အေအးဒဏ်ကို ခံနိုင်ရည် ရှိပုံပင်။

လဲ့ကျီက မီးဓာတ်ရှိတာမို့ အေးအေးဆေးဆေးပဲ။ စုန်ဟုန်းဟိုင်တစ်ယောက်တည်းသာ တဖြည်းဖြည်း အေးခဲလာသည်။ ရေခဲမိစ္ဆာက ပြဒါးလုံးကို ခိုးသွားပြီး သူ့ဆီက လာမလုနိုင်အောင်ပါ နှင်းတွေနဲ့ လွှမ်းသွားခဲ့တာပင်။

System created (Completed)Where stories live. Discover now