💜Part (56)💜

4.6K 572 7
                                    

Unicode
System created

                       💜56💜

        လဲ့ကျီကတော့ သွေးကြောပေါက်ပြီး ထွက်ပြေးသွားတဲ့ မိစ္ဆာဘက်ကိုသာ မကျေမခဲနဲ့ ကြည့်နေလေသည်။ ထိုသူကဘယ်ကောင်မလို့ သူပိုင်တဲ့အရာကို ထိရဲရတာလဲ။

       သူတစ်ဖက်ကို ပြန်လှည့်ကြည့်တော့ မေနန်းဟွားရဲ့ဖွင့်ဟနေတဲ့ လက်မောင်းသားများကို မြင်တွေ့ရလေ၏။ လဲ့ကျီ မျက်နှာကို ခပ်တင်းတင်းထားကာ သူ့ဝတ်ရုံကိုချွတ်၍ မေနန်းဟွားကို လွှမ်းခြုံပေးလိုက်သည်။

       လဲ့ကျီရဲ့အခုအပြုအမူကိုသာ တခြားသူတွေတွေ့ရင် ပိုပိုကဲကဲ အရမ်းလုပ်သည်ဟု ပြောဆိုကြမှာအမှန်ပင်။ မေနန်းဟွား စိတ်ထဲတွင်တော့ ထိုသို့မခံစားရပါ။ လဲ့ကျီက သူ့ကိုအရမ်းမြတ်နိုးလို့ ယခုလို ဆက်ဆက်ထိမခံ ဖြစ်နေတာလေ။

       သူက ပြောလိုက်၏။

"ဒါကကိစ္စမရှိပါဘူး.... ငါလည်း ယောကျ်ားလေးပဲလေ"
"ယောကျ်ားလေး?"

        လဲ့ကျီက မေနန်းဟွားကို စူးစိုက်ကြည့်လာသည်။

"ယောကျ်ားလေးလည်း အရှင့်သားက ကျွန်တော်မြတ်နိုးတဲ့သူ ကျွန်တော်ချစ်တဲ့သူပဲ.... တခြားသူတွေ ဘာပြောပြော အရှင့်သားက ကျွန်တော်တစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့သူ.... အရှင့်သားကို တခြားသူထိတာ ကျွန်တော်လုံးဝ မကြိုက်ဘူး လုံးဝပဲ"

        လဲ့ကျီအသံက တဖြည်းဖြည်း ဒေါသသံပါလာသည်။

"ယောကျ်ားလေးဆိုတော့ကော ဘာဖြစ်လဲ... အရှင့်သားကို မိန်းကလေးမပြောနဲ့ ယောကျ်ားလေးတစ်ယောက် လာထိတာတောင် ကျွန်တော်မကြိုက်ဘူး.... အဲ့တာဘာကြောင့်လဲသိလား ကျွန်တော်အရှင့်သားကို မြတ်နိုးလို့ ချစ်လို့.... သူစောစောက အရှင့်သားအကျီကို ဖြဲလိုက်တဲ့အချိန် ကျွန်တော့်နှလုံးသား ဘယ်လောက်နာကျင်သွားလဲ သိရဲ့လား"

        လဲ့ကျီမှာ စကားတွေမရပ်မနားပြောရင်း သူ့ရင်ဘတ်ကိုလည်း ထုပြသည်။ မျက်ဝန်းတွေကလည်း နီရဲနေကာ နာကျင်မှုကြောင့် မျက်ဝန်းတို့က စိုစွတ်နေ၏။

        မေနန်းဟွား လဲ့ကျီပါးနှစ်ဖက်ကို ပွတ်သပ်ပေးရင်း ကျလာတော့မည့် မျက်ရည်များကို ထိန်းထားပေးလိုက်သည်။ လဲ့ကျီက သူနဲ့ပတ်သက်ပြီး အရမ်းမျက်ရည်လွယ်တယ်လို့ သူခံစားရသည်။

System created (Completed)Where stories live. Discover now