💜Part (37)💜

4.9K 639 6
                                    

Unicode
System created

                       💜37💜

"လဲ့ကျီ ငါဗိုက်ဆာနေပြီ"
"အင်းပါ.... အခုအချိန်က နေ့လည်စာ ကျော်သွားပြီဆိုတော့ ကျွန်တော်အပြင်မှာပဲ သွားစားကြရအောင်နော်"

"အဲ့တာ မင်းကြောင့်လေ"
"ဟုတ်ပါတယ် ကျွန်တော့်ကြောင့်ပါ.... စိတ်မဆိုးနဲ့နော် "

       လဲ့ကျီသည် ပြုံးစစလေးနဲ့ မေနန်းဟွားကို ပြန်ချော့ရင်း မေနန်းဟွားလက်တစ်ဖက်ကို ဆွဲကိုင်ထားလိုက်သည်။ ပြီးနောက် ဂိုဏ်းအနီးက မြို့လေးတစ်မြို့သို့ ထွက်ခဲ့ကာ ထိုမြို့၌ပင် နေ့လည်စာစားကြ၏။

       သူတို့နှစ်ယောက် ဇာမဏီဂိုဏ်းကို ပြန်ရောက်သောအခါ ဂိုဏ်းအသီးသီးက တပည့်တွေဟာ သူတို့၏အဆောင်တွင် သိုင်းလေ့ကျင့်နေကြသည်ကို တွေ့ရလေသည်။ မနက်ဖြန်ပွဲက သိုင်းပြိုင်ပွဲဆိုတာ သိလိုက်လေပြီ။

       ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲများတွင် အဓိကနှင့် လူကြိုက်အများဆုံး ပြိုင်ပွဲကတော့ သိုင်းပြိုင်ပွဲပဲဖြစ်ပြီး သိုင်းပြိုင်ပွဲတွင် ကျင့်ကြံသူများသည် အဆိပ်ကလွဲလို့ သူတို့တက်ထားသမျှသော ပညာများအားလုံးကို ထုတ်သုံးကြလိမ့်မည်။ လဲ့ကျီအကြိုက်ဆုံးဟာလည်း သိုင်းပြိုင်ပွဲပင် ဖြစ်၏။

        သူတို့နှစ်ယောက် ဇာမဏီဂိုဏ်းထဲတွင် ခဏပတ်လျှောက်ကြပြီး အနောက်ဘက်က တောအုပ်ဆီ ရောက်လာခဲ့သည်။ မနက်ဖြန်ပြိုင်ပွဲအတွက် သူလည်းပြင်ဆင်ဖို့ လိုပြီလေ။

        လဲ့ကျီသည် ကျောက်တုံးတစ်တုံးပေါ်တွင် တင်ပျဥ်ခွေထိုင် နေရာယူပြီး မေနန်းဟွားပေးတဲ့ ကျင့်စဥ်စာအုပ်ကို သူ့ရှေ့တွင် ချထားသည်။ တောအုပ်ထဲတွင်က တိတ်ဆိတ်နေသော်လည်း ကျင့်ကြံသူလူငယ်တွေ လာရောက် လေ့ကျင့်နိုင်တာကြောင့် ထိုအရာက လဲ့ကျီအတွက် အနှောက်အယှက် ဖြစ်နိုင်သည်။

"လဲ့ကျီ ငါမင်းအတွက် အသံပိတ်အစီအရင်တစ်ခု လုပ်ပေးမယ်"
"ဘာဖြစ်လို့လဲ.... အသံပိတ်အစီအရင် လုပ်လိုက်ရင် အရှင့်သား ကျွန်တော့်အနားမှာ ရှိသေးလား ကျွန်တော်ဘယ်လိုလုပ် သိတော့မှာလဲ"

System created (Completed)Where stories live. Discover now