💜Part (69)💜

6.8K 675 46
                                    

Unicode
System created

                       💜69💜

       တစ်နေရာရောက်တော့ မေနန်းဟွားက သူ့လက်ကိုဖြုတ်ချလိုက်သည်။

"ပြောစရာရှိတာ ဒီမှာပြော"
"သူကတကယ်ပဲ အရှင့်သားလား"

"ငါမင်းကိုမလိမ်ဘူး.... မင်းသူ့ကိုတွေ့တဲ့အခါ သိလိမ့်မယ် မင်းချစ်တဲ့မေနန်းဟွားက မင်းဆရာကို သတ်တဲ့သူ၊ အမှောင်ထုမြို့ကို မိစ္ဆာဖြစ်အောင်တဲ့သူ နောက်ပြီး ဒီမြို့ကလူတွေကိုလည်း အခုလိုဖြစ်အောင် လုပ်လိုက်တဲ့လူဆိုတာ မင်းသူ့ကိုတွေ့ရင် သိလိမ့်မယ်"

        မေနန်းဟွား လှည့်ထွက်မယ်လုပ်တော့ လဲ့ကျီကသူ့ကို ပြန်ဆွဲထားသည်။

"မင်းသူ့ကို ဘယ်လိုဆင့်ခေါ်မှာလဲ"
"ငါသူ့ကိုခေါ်ပေးမယ်လို့ ပြောထားပြီးပြီ.... မင်းစိတ်ပူမနေနဲ့"

        မေနန်းဟွား အော်ဟစ်ပြောဆိုတော့သည်။ လဲ့ကျီမျက်နှာလည်း မည်းမှောင်သွားကာ မေနန်းဟွားလက်မောင်းများကို တင်းတင်း ဆုပ်ကိုင်ထားရင်း သူနဲ့မျက်နှာချင်း ဆိုင်စေ၏။

"ငါစိတ်ပူတာက မင်းကို.... မင်းကိုစိတ်ပူတာ"
"မလိမ်ပါနဲ့.... "

       မေနန်းဟွားက လဲ့ကျီ၏စိုစွတ်စ ပြုလာသည့် မျက်ဝန်းတွေကို ဥပက္ခာပြုလိုက်သည်။

"မင်းစိတ်ပူနေတာက အခြားသူတွေ သိဒ္ဓိမိစ္ဆာကို ဝိုင်းသတ်ကြတော့မှာကို မင်းကြောက်နေတာ မဟုတ်လား"
"ဟုန်းအာ"

"တော်တော့.... ငါနားချင်ပြီ"

       မေနန်းဟွား လဲ့ကျီအားကျောခိုင်းကာ ထွက်လာခဲ့လိုက်သည်။ သူလဲ့ကျီကို ဥပက္ခာမပြုချင်ပါ။ သူစိမ်းတစ်ယောက်လိုလည်း သူမဆက်ဆံချင်ဘူး။ သို့သော် သူတို့နှစ်ယောက်ကတော့ ရှေ့ဆက်လို့ မဖြစ်နိုင်တော့ဘူးလေ။

        လဲ့ကျီက ချီလျန်ဟွကို ရွေးချယ်လိုက်တဲ့ အချိန်ပြီးနောက်မှာ ထန်နိုင်ငံက သံတမန်နဲ့ တွေ့ခဲ့သည်။ လဲ့ကျီက ချီလျန်ဟွကို မဖြစ်မနေလက်ထပ်ရမယ့် အကြောင်းလည်း သူသိပြီးပြီ ဖြစ်၏။ ထို့အပြင် သူ့မှာလည်း အရေးကြီးလုပ်စရာ ရှိနေပြီ။

System created (Completed)Where stories live. Discover now