💜Part (97)💜

4.3K 484 10
                                    

Unicode
System created

                      💜97💜

        ပိုင်ရှင်း လဲ့ကျီအား မျက်စောင်းထိုးကာ လျစ်လျူရှူပစ်လိုက်တော့သည်။ ငယ်ငယ်က လဲ့ကျီပြောဖူးတာကို သူမှတ်မိသေး၏။ သူဘယ်တော့မှ ယောကျ်ားတစ်ယောက်ကို လက်မထပ်ပါဘူးတဲ့လေ။

        အဲ့ဒီစကားကြောင့် ပိုင်ရှင်းမှာ နှစ်ရှည်လများ လဲ့ကျီပြန်လာမယ့် အချိန်ကို ချင်းချုံးတွင် စောင့်နေခဲ့တာဖြစ်သည်။ လဲ့ကျီပြန်ရောက်လာတဲ့ နေ့ရောက်တော့ သူကြားရတဲ့ သတင်းက လဲ့ကျီကယောကျ်ား ရသွားပြီတဲ့လေ။

        ဒေါသလည်းထွက်၊ ဝမ်းလည်းဝမ်းနည်းမိသည်။ ပိုင်ရှင်း ဟိုကြည့်သည်ကြည့် လျှောက်ကြည့်လိုက်တော့ စုန်ဟုန်းဟိုင် သူ့ကိုကြည့်နေတာကို တွေ့ရလေ၏။

"ဘာကြည့်နေတာလဲ...."
"မင်းကိုယ်ထဲမှာ အအေးဓာတ်တွေ ရှိနေတယ်"

        သူ့စကားကို ကြားတော့ ပိုင်ရှင်းမျက်နှာက ချက်ချင်းပဲ တည်ငြိမ်သွားသည်။

"နင်ဘာတွေ လာပြောနေတာလဲ"
"မင်းရဲ့အသားအရောင်ကို ကြည့်တာနဲ့ သိတယ်... မင်းကိုယ်ထဲက အအေးဓာတ်တွေ တော်တော်လေး ဆိုးရွားနေပြီ.... မင်းလည်ပင်းက ဆွဲသီးက အပူပေးကျောက်မဟုတ်လား"

        ပိုင်ရှင်း မသိစိတ်ကြောင့် သူ့လည်ပင်းက ဆွဲသီးအနီလေးကို လက်ဝါးနဲ့ ဆုပ်ကိုင်မိသွားသည်။ သူမအံ့လည်း အံံ့သြနေမိနေ၏။ ဤဆွဲသီးက အပူကျောက်ဆိုတာ မှန်ပေမယ့် အလွှာငါးလွှာရှိသော ရှေးဟောင်းသိဒ္ဓိကျောက် တစ်လုံးဖြစ်သည်။

        ဆွဲထားရင် သာမန်ကျောက်တစ်လုံးဟုသာ ထင်ရ၏။ အလွှာငါးလွှာ၏ အောက်ဆုံးအထပ်တွင်မှ အပူပေးကျောက် ဖြစ်လေသည်။ ရှားပါးပြီး အဖိုးတန်တဲ့ သိဒ္ဓိကျောက် အမျိုးအစားတစ်ခုဖြစ်သည်။

        စုန်ဟုန်းဟိုင်မျက်လုံးတွေက အတပ်သိနေတဲ့ ပုံပန်းသဏ္ဍာန်မျိုး။ ပိုင်ရှင်း လက်မလျှော့ပါ။

"မဟုတ်ဘူး.... ဒါငါ့ကို ငါ့အဖေပေးထားတဲ့ ဆွဲကြိုးလေး"
"ငါကသမားတော်ပါ မင်းလည်ပင်းက အပူပေးကျောက်ဆီက ဆေးနံ့တွေကို ငါခံစားမိတယ်.... "

System created (Completed)Where stories live. Discover now