💜Part (90)💜

5.1K 609 19
                                    

Unicode
System created

                       💜90💜

       ညစာကို မြို့ထဲက စားသောက်ဆိုင် တစ်ဆိုင်တွင် ဝင်စားရန် ဆုံးဖြတ်လိုက်ပြီး အကြီးဆုံးသော စားသောက်ဆိုင်ကြီးထဲ ဝင်လာခဲ့သည်။

       နှစ်ယောက်သား ဝင်သွားတော့ ဆိုင်ထဲတွင် ဧည့်သည်တွေနဲ့ ပြည့်လျှံနေပြီး စားပွဲထိုးတွေက မိန်းမလှလေးတွေ ဖြစ်နေတာကို တွေ့ရလေသည်။ လဲ့ကျီ ဆိုင်နာမည်ကို နောက်ပြန်ကြည့်ရင်း သေချာဖတ်လိုက်ရင်း။

"ဟုန်းအာ.... ကိုယ်တို့ ဆောင်ကြာမြိုင်ကို လမ်းမှားလာတာတော့ မဟုတ်ပါဘူးနော်"

        သူ့လိုပဲ စုန်ဟုန်းဟိုင်သည်လည်း ယိမ်းနွဲ့ကာ လမ်းလျှောက်နေကြသော မိန်းကလေးတွေကိုကြည့်ကာ အပျော်မယ်ဂေဟာလို့တောင် ထင်မိသွားသည်။

"ဟုန်းအာ.... မင်းဒီမှာ မစားချင်ရင်"

"ပါ့ပါး ဟိုမှာငါးချဥ်စပ်"

        အားချုံးက မိန်းမလှလေးတစ်ယောက် ကိုင်လာသော ပန်းကန်ထဲက ငါးကိုလက်ညှိုးထိုးပြလေသည်။ ပြန်ထွက်ရန် ရည်ရွယ်ထားသော်လည်း သားက ငါးချဥ်စပ်ကို စားချင်နေပြီမို့ ပြန်လှည့်ထွက်ရင် အားချုံးက စိတ်မကောင်းဖြစ်တော့မည်။

"ဒီမှာပဲ စားလိုက်ရအောင်ပါ"
"ကောင်းပြီ ဟုန်းအာ အပေါ်ထပ်ကို တက်နှင့်.... ကိုယ်ဟင်းပွဲတွေ မှာပြီးရင် လိုက်ခဲ့မယ်"

"အင်း"

       စုန်ဟုန်းဟိုင် အပေါ်ထပ်ကို တက်သွားပြီး စားပွဲလွတ်တစ်ခုတွင် ဝင်ထိုင်နေလိုက်သည်။ အားချုံးကို သူ့ဘေးတွင်ချပြီး အားချုံးလည်ပင်းက ဆွဲကြိုးကို ထုတ်ကြည့်မိတော့။

"ပါ့ပါး.... အဲ့ဒီလူကြီးလာတာ သားမသိလိုက်လို့ ဆွဲကြိုးကို မသုံးလိုက်ရဘူး"

        အားချုံးက သူ့ကိုယ်သူ အပြစ်မကင်းသလို ခံစားရကာ စုန်ဟုန်းဟိုင်ကို တောင်းပန်တိုလျိုးသော လေသံလေးဖြင့် ပြောဆိုလာသည်။ စုန်ဟုန်းဟိုင် ပြုံးပြရင်း ခေါင်းကိုပါ ခါရမ်းလိုက်သည်။

"သားမှာ အပြစ်မရှိပါဘူး... တကယ်တော့ ပါးလည်း အရမ်းလန့်သွားတာ"
"သားကြောင့်လား"

System created (Completed)Where stories live. Discover now