Unicode
System created💜34💜
မေနန်းဟွားကို ကျောက်တုံးပေါ်တွင် ထိုင်စေပြီး လဲ့ကျီမီးမွှေးလိုက်သည်။
"မီးရောင်နဲ့ဆို သာမန်တောရိုင်းသတ္တဝါတွေ မကပ်နိုင်ဘူး"
"ရှူး......"မေနန်းဟွားသည် လဲ့ကျီအား တိုးတိုးနေရန် အချက်ပြသည်။ ကျောက်တုံးပေါ်ကနေ အသာလေးလျှောဆင်းလာကာ လဲ့ကျီဘေးတွင် တိတ်တဆိတ်ထိုင်၏။ ပြီးနောက် မနီးမဝေးတွင်ရှိ ချုံပုတ်ဘေးတွင်ရှိသော တောကြတစ်ကောင်ကို ညွှန်ပြလိုက်လေသည်။
"တောကြက်...."
"ဟုတ်တယ် အရှင့်သားက မြင်တတ်လိုက်တာ"'ဝှီ......'
"အဲ......"
တောကြက်ပေမယ့် ရိုးရိုးသာမန် တောကြက်တွေနဲ့ မတူတာကြောင့် မေနန်းဟွားမှာ ခဏစောင့်ကြည့်ရန် ကြံလိုက်သော်လည်း လက်မြန်သော လဲ့ကျီက လက်တစ်ထွာခန့်ရှိသော အပ်တစ်ချောင်းကို ပစ်သွင်းလိုက်လေပြီ။
ပြေးချိန်တောင် မရလိုက်တဲ့ တောကြက်သည် လဲ့ကျီလက်ထဲ၌ ဘဝဆုံးသွားရှာသည်။
"တောကြက်ကင်စားရအောင် အရှင့်သား"
"ရိုးရိုးကြက် မဟုတ်ဘူးမလား....""ဟဲဟဲ အရှင့်သားပြောတာ မှန်တယ်.... ဒီလိုကြက်မျိုးက သိဒ္ဓိစွမ်းအင်ပါတဲ့ မြက်တွေကိုပဲစားတဲ့ ကြက်မျိုး.... အရမ်းစားလို့ကောင်းတယ် ကျွန်တော်အရှင့်သားကို ကင်ကျွေးမယ်"
မေနန်းဟွားမှာတော့ ရယ်ရခက်ငိုရခက် ဖြစ်သွားလေသည်။ သူကကြက်ကို လေ့လာချင်လို့ လဲ့ကျီကို တိုးတိုးနေရန်အတွက် အချက်ပြလိုက်တာလေ။ လဲ့ကျီကတော့ သူကြက်သားစားချင်တယ်လို့ ထင်သွားတယ်တဲ့လား။
ဘယ်လောက်တောင် ဆီလျော်မှုမရှိလိုက်သလဲ။ သူ့ကိုမီးပုံဘေးမှာ အသာထိုင်စေပြီး လက်ကအဝတ်ကို ခေါက်တင်ရန်ပြင်နေသည်။ လက်ကပေနေတာနဲ့ သူ့အကျီတွေပါပေတော့မည်။ မေနန်းဟွား အရှေ့တိုး၍ လဲ့ကျီအက်ျီစကို ခေါက်တင်ပေးလိုက်သည်။
လဲ့ကျီသူ့ကို ပြုံး၍သာ ကြည့်နေ၏။ သူ့အပြုံးတွေက ပကတိဖြူစင်လွန်းသည်။ အချစ်တွေပြည့်နေတဲ့ အပြုံးတွေပေါ့။ လက်ခေါက်တင်ပေးပြီးတော့ လဲ့ကျီသည် ကြက်ကိုအမွေးနုတ်သန့်စင်သည်။
YOU ARE READING
System created (Completed)