Unicode
System created💜30💜
တောင်ထွတ်ထဲရောက်တော့ အတွင်းစည်းတပည့် တစ်ယောက်က ဂိုဏ်းချုပ်ဆီကို တစ်ဆင့်လိုက်ပို့ပေး၏။ ဂိုဏ်းချုပ်၏အဆောင်သည် ရေတံခွန်ကြီး၏ ဘေးတွင် ခန့်ညားထယ်ဝါစွာ တည်ဆောင်ထားပြီး အားလုံးက အပြာနုရောင် အဆင်တန်ဆာများနဲ့ ပြုလုပ်ထားတာ တွေ့ရသည်။
နန်းဆောင်၏ အရှေ့အနောက်တွင် စိမ်းစိုသော သစ်ပင်ငယ်များကို စိုက်ပျိုးထားသည်။ အတွင်းစည်းတပည့်က ဂိုဏ်းချုပ်၏နန်းဆောင်တံခါးကို ခေါက်၍
"ရှစ်ဖူ..... ကြိုးကြာတောင်မြင့်ဂိုဏ်းက သခင်လေးချီစန်း ရောက်လာပါတယ်"
"ဝင်ခဲ့....."သူဖြတ်လာခဲ့တဲ့ ရေပြာကန်ထဲက အေးစက်စက်ရေတွေလိုပဲ ဂိုဏ်းချုပ်ရဲ့အသံဟာလည်း အေးတိအေးစက် နိုင်သည်။ ချီစန်းသည် ထိုအသံကြားပြီး နှာခေါင်းရှုံ့လိုက်လေ၏။ မာနကြီး ၊ အေးတိအေးစက်လူတွေဆို သူလုံးဝကြည့်မရပေ။
ဝတ်ရုံပြာနဲ့အဖြူ ရောယှက်ထားသည့် ဝတ်စုံနှင့် တပည့်က ချီစန်းကို တံခါးဖွင့်ပေးပြီး ယဥ်ကျေးစွာ အထဲကိုကြွရန် လက်ဟန်ပြသည်။ ချီစန်းလည်း ခေါင်းတစ်ချက် ညိတ်ပြပြီး အထဲကိုဝင်လာခဲ့၏။ ဝင်ဝင်ချင်း တွေ့လိုက်ရတာက ဝတ်ရုံပြာနဲ့ လူတစ်ယောက်ပဲဲ ဖြစ်သည်။
တင်ပါးအထိ ရှည်လျားသော မီးခိုရောင်မကျတကျ ဆံနွယ်များနဲ့ ထိုလူသည် ချီစန်းကိုကျောပေးလျက် အပင်တစ်ပင်က အကိုင်းအခတ်များကို ရှင်းလင်းနေသည်။ လက်နှစ်ဖက်က အလွန်နူးညံ့ ညင်သာသည်ဟု ထင်ရသော်လည်း မာန်ပါသည်မို့ ဂိုဏ်းချုပ်တစ်ယောက်၏ အရှိန်အဝါတွေကို မြင်တွေ့ရ၏။
ချီစန်း လက်နှစ်ဖက်ထပ်၍ ဂါဝရပြုလိုက်သည်။
"ကြိုးကြာတောင်မြင့်ဂိုဏ်းက ချီစန်း..... ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်"
ဂိုဏ်းချုပ်သည် သူ့လက်ထဲက ကပ်ကြေးကိုချပြီးမှ ချီစန်းဘက်ကို လှည့်လာသည်။ သူတို့ကြားထဲတွင် စားပွဲဝိုင်းတစ်ခုရှိပြီး ဂိုဏ်းချုပ်က သူ့ကိုထိုင်ရန် အချက်ပြသည်။
အလှအပတွေကို စိတ်ဝင်စားသော ချီစန်းသည် ဂိုဏ်းချုပ်၏ယောကျ်ားဆန်စွာ လှပမှုကို မြင်တွေ့သောအခါ တခဏမှိန်းမောသွား၏။ ဂိုဏ်းချုပ်က သူ့အရင်ထိုင်လိုက်မှသာ သူလည်းယောင်ရမ်း၍ ထိုင်မိသွားသည်။
YOU ARE READING
System created (Completed)