Unicode
System created💜41💜
{"ကိုယ်မင်းရဲ့သတင်းတွေကို အမြဲတမ်း နားစွင့်နေတာလေ.... လာပါ ကိုယ်မင်းကို တစ်ခေါက်လောက် ဖက်ထားကြည့်ချင်တယ်"}
မေနန်းဟွား အနောက်သို့ ခြေလှမ်းဆုတ်မိသည်။ တစ်ဖက်လူက ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ မသိသေးတဲ့အပြင် ထိုသူပြောတဲ့ မင်းကိုငါပိုင်တယ်ဟူသော စကားက သူ့ကိုတုန်လှုပ်ခြောက်ခြားစေသည်။
ယခုတစ်ခါ ဖက်ထားပါရစေဟူသော စကားသံကို ထပ်ကြားသည့်အခါ မေနန်းဟွား ထွက်ပြေးချင်လာသည်။ သူတွေးရင်းတွေးရင်း စတင်၍ ပြေးတော့၏။ တစ်စုံတစ်ယောက် သူ့ကိုဖမ်းမိသွားမှာ ကြောက်မိပါသည်။
အိမ်မက်ကမ္ဘာထဲမှာ ပိတ်မိပြီး လဲ့ကျီဆီ ပြန်မသွားနိုင်မှာ ကြောက်မိသည်။
"လဲ့ကျီ..... ငါ့ကိုကယ်ပါ......"
"အရှင့်သား!"
တစ်စုံတစ်ယောက်က သူ့အား အားနဲ့လှုပ်နှိုးလိုက်ပေသည်။ အရှင့်သားဟူသည့် လေသံသည် သူ့အားအလွန်အမင်း စိတ်ပူပန်နေသော အရိပ်အယောင်တွေ ဖုံးလွှမ်းနေပြီး သူ့ကိုလည်း တင်းတင်းကျပ်ကျပ် ထွေးဖက်ထားတာကို ခံစားရသည်။
မရပါ။ လဲ့ကျီအသံကို သူကြားပေမယ့်၊ သူကိုယ်တိုင် အိမ်မက်ကမ္ဘာထဲကနေ ရုန်းထွက်ကြည့်ပေမယ့် မူလနေရာကို ပြန်မရောက်နိုင်ဘဲ ဖြစ်နေသည်။ မေနန်းဟွား ပြေးနေရာမှ ရပ်လိုက်သည်။
တစ်စုံတစ်ယောက်က အနောက်မှအားနဲ့ ဖက်လိုက်ပါပြီ။ မေနန်းဟွား ဂျွန်းထိုးရှောင်ကာ လက်ထဲက ပဝါစဖြင့် ရိုက်ချပစ်လေသည်။
'ဝုန်း....'
မြည်သံနဲ့အတူ တစ်ဖက်လူဟာလည်း လွင့်သွားသည်။ system အကူအညီနဲ့ သူ့ရဲ့ကျင့်စဥ်စွမ်းအင်တွေက မြင့်လာပြီမို့ ရိုက်ချက်တွေက ယခင်ကထက်အားပါးသလို ထိမိသည်။ တစ်ဖက်ကို မမြင်ရသော်လည်း သူ့အကြားအာရုံကတော့ ကောင်းသည်လေ။
အဘယ်အတွက်ကြောင့် သူ့ကိုထိတွေ့နိုင်မှာတဲ့လဲ။ တစ်ဖက်ကအရိပ် ထွက်လာတိုင်း မေနန်းဟွားက ပဝါနဲ့ရိုက်ချပြီး တိမ်းရှောင်သည်။
YOU ARE READING
System created (Completed)