💜Part (94)💜

4.6K 539 5
                                    

Unicode
System created

                      💜94💜

        အပြာရောင် စွမ်းအင်များ ဖြာကျနေသည်ကိုမြင်သော် စုန်ဟုန်းဟိုင် လေထုအလယ်သို့ မော့ကြည့်လိုက်သည်။ မီးခိုးရောင်ဆံပင်ရှည်ကြီးတွေနှင့် ဂိုဏ်းချုပ်လန်သည် ဓားပျံတောင်မလိုဘဲ လေထုအလယ်မှာ ရပ်တန့်နေရင်း နှုတ်မှ မန္တာန်တစ်ခုကို ရွတ်ဆိုနေသည်။

        စုန်ဟုန်းဟိုင် ထိုလူအုပ်ကြီးကို ပေါ့ပါးစွာ ကျော်တက်ပြီး အစီအရင်စည်းဝိုင်းထဲက လဲ့ကျီကို ပြေးသည်။ လက်ဖဝါးထဲက အသင့်ထုတ်ထားတဲ့ သွေးနီရောင်ဆေးလုံးကို လဲ့ကျီပါးစပ်ထဲ ထည့်ပေးရင်း။

"လဲ့ကျီ.... ငါရောက်လာပြီလေ"

        အစက ကျောက်ရုပ်လို မတ်တပ်ရပ်နေတဲ့ လဲ့ကျီမျက်လုံးတွေသည် စုန်ဟုန်းဟိုင် အသံကိုကြားတော့ ဖွင့်ကြည့်လာသည်။

"လဲ့ကျီ...."

        အနီရောင်မျက်ဝန်းတွေက သိပ်မတည်ငြိမ်သေး။ စုန်ဟုန်းဟိုင်လည်း မျက်နှာပေါ်က မျက်နှာဖုံးကို ဖယ်ရှား၍ မြေကြီးပေါ် ပစ်ချလိုက်သည်။

"လဲ့ကျီ....ငါလေ"
"ဟုန်းအာ...."

"အင်း"

        လဲ့ကျီရဲ့အနီရောင် သွေးကြောတွေ တဖြည်းဖြည်း ဆုတ်ခွာသွားသောအခါမှ အပြာရောင် အစီအရင် စည်းဝိုင်းက ပျက်ပြယ်သွားလေသည်။ လဲ့ကျီတစ်ကိုယ်လုံး ပျော့ခွေလို့ စုန်ဟုန်းဟိုင်ပုခုံးပေါ် လဲကျသွားတော့သည်။ စုန်ဟုန်းဟိုင် သူ့ကိုအသာလေး ထိန်းဖက်ပေးထား၏။

       ထိုအခိုက် ဂိုဏ်းချုပ်လန် လေထုထဲကနေ ဆင်းလာသည်။

"မင်းကိုး....."
"ရှစ်ဖူး?... အဲ ဂိုဏ်းချုပ်လန် ကျွန်တော်"

        ဂိုဏ်းချုပ်လန်နဲ့ မျက်နှာချင်းဆိုင် ပြန်တွေ့လိုက်ရသောအခါ စုန်ဟုန်းဟိုင် ဘယ်လိုခေါ်ရမှန်းမသိ ဘာပြောရမှန်းမသိဘဲ လဲ့ကျီခါးကိုဖက်လျက် ရပ်နေမိသည်။ ထိုအချိန် ချီစန်းကလည်း သူတို့အနား ရောက်လာပြီး သူ့ကိုကြောင်ငေးနေ၏။

"မင်း...."
"ချီသခင်လေး...."

"သခင်လေး...... သခင်လေး....."

System created (Completed)Where stories live. Discover now