💜Part (29)💜

5.4K 656 3
                                    

Unicode
System created

💜29💜

"အွန်း..... မင်းရဲ့စွမ်းအားတွေ တည်ငြိမ်သွားပြီ ငါတို့ညရောက်ရင် မင်းရဲ့နောက်ထပ် သွေးကြောတစ်ခုကို ဖွင့်ကြည့်ရအောင်"
"ဟုတ် "

ဟုဆိုပြီး မေနန်းဟွားလက်ကို ပြန်စောင့်ဆွဲလိုက်ရာ ခန္ဓာကိုယ်သေးသေးလေးဟာ လဲ့ကျီပေါင်ပေါ် ထိုင်လျက် ပြုတ်ကျသွားလေသည်။ ဟန်ချက်ပျက်သွားတာကို အခွင့်ကောင်းယူပြီး လဲ့ကျီက မေနန်းဟွားရင်ဘတ်ပေါ် ခေါင်းအုံးတော့၏။

"ဒါက လောကမှာ အနူးညံ့ဆုံး ခေါင်းအုံးပဲ"
"လဲ့ကျီ..... ဘာလုပ်နေတာလဲ ဒီလိုကြီး ငါမနေတတ်ဘူး ဖယ်တော့"

"မဖယ်ဘူး"

'ဝုန်း!'

"လဲ့ကျီ....."

ရုတ်တရက် ပြေးဝင်လာတဲ့ ချီစန်းသည် သူ့ဘာသာအရှိန်မထိန်းနိုင်ဘဲ တံခါးရွက်ကို ဝင်တိုက်ပစ်လေသည်။ ဝုန်းဟူသည့် မြည်သံကြီးထွက်လာတော့ မေနန်းဟွားလည်းလန့်ပြီး လဲ့ကျီပေါ်ကအမြန်ထ၍ ဘေးတွင်ရပ်နေ၏။

တံခါးရွက်ကို ဝင်အောင်းနေတဲ့ ချီစန်းကိုဂရုမစိုက်အားဘဲ ကျိုက်လဲ့ကျီသည် လွတ်သွားတဲ့ ရင်ခွင်လေးကိုသာ မကျေမနပ်နဲ့ ကြည့်နေရသည်။ သူက စားပွဲပေါ်မှာတင်ထားတဲ့ လက်ဖက်ရည်ပန်းကန်ဖြင့် ချီစန်းကို ပစ်ပေါက်လိုက်သည်။

"အဖျက်ကောင်....."

'ဝှီ.....ခွမ်း!'

ချီစန်းက ပစ်ခေါက်လာတဲ့ လက်ဖက်ရည်ပန်းကန်ကို အသာလေးပဲ ဆုပ်ဖမ်းထားလိုက်သည်။ ပြီးနောက် ကျိုက်လဲ့ကျီအား အားပြင်းပြင်းနဲ့ ပြန်ပစ်ပေါက်၏။

"ပြဿနာကောင်...."
"ဘာလဲ"

ကျိုက်လဲ့ကျီက ပြန်ရောက်လာတဲ့ လက်ဖက်ရည်ပန်းကန်ကို ရှောင်လိုက်သောအခါ လဲ့ကျီဘေးကနေ ဖြတ်သွားတဲ့ လက်ဖက်ရည်ပန်းကန်ကို မေနန်းဟွားမှ ဖမ်းထားတော့သည်။

"မင်းတို့နှစ်ယောက် ဒီလိုအခြေအနေမှာ ရန်မဖြစ်ကြတာ ကောင်းမယ်ထင်တယ်"
"ဟွန့်"

ချီစန်းက နှာမှုတ်၍ သူတို့အနားကို ရောက်လာသည်။

"ကျိုက်လဲ့ကျီ.... လေလံပွဲက ရှေးဟောင်းသိဒ္ဓိကျောက်ကို မင်းဝယ်လိုက်တာဆို"
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ "

System created (Completed)Where stories live. Discover now