💜Part (27)💜 🌚

7K 709 3
                                    

Unicode
System created

💜27💜

"အရှင့်သား......"

ကျိုက်လဲ့ကျီ အပူတပြင်းနဲ့ ရောက်လာတော့ မေနန်းဟွားက မြေကြီးပေါ်တွင် လူးလိမ့်နေပြီ။ ဝတ်ရုံစတစ်ခုဟာ မြေကြီးပေါ်၌ ပစ်ချခံထားရပြီး ဖိနပ်များ၊ ခြေအိတ်များဟာလည်း စွန့်ပစ်ခံထားရပြီ။

"အရှင့်သား...."

ပက်လက်အနေအထားဖြင့် ရင်ဘတ်ကို အတင်းဖွင့်ဟနေသော မေနန်းဟွားလက်တွေကို ချုပ်ကိုင်လိုက်ကာ အပေါ်မှအုပ်မိုးကြည့်လိုက်သည်။

"အရှင့်သား..... "
"လဲ့ကျီ..... "

"အင်း.... ကျွန်တော်​ပါ "
"ငါ ငါအရမ်းပူနေတယ်.... ပြီးတော့ လိုချင်တယ်... တစ်ခုခု"

"အာ?"

မေနန်းဟွား ဘာဖြစ်နေသလဲ ကျိုက်လဲ့ကျီ ချက်ချင်းနားလည်လိုက်သည်။ သူကမေနန်းဟွားကို ကောက်ပွေ့ပြီး ကောချွီကိုဓားပျံအဖြစ်သုံးကာ ထိုနေရာမှထွက်လာခဲ့ရသည်။ ဓားပျံပေါ်မှာလည်း မေနန်းဟွားဟာ ဝတ်ရုံစတွေကို ဆွဲဖြဲချွတ်ချနေ၏။

မလာခင်က ဝတ်ရုံစများကို တင်းတင်းချည်ထားခဲ့တာ မဟုတ်ရင် ယခုအချိန်ဆို သူ့ခန္ဓာကိုယ် အဝတ်ကပ်တော့မည်မဟုတ်။ မိမိအားပွေ့ချီထားသူဟာ လဲ့ကျီမှန်း မေနန်းဟွားသိသည်။ မိမိ၏ လိုအပ်ဆန္ဒကို ဖြည့်ဆည်းရန် လိုအပ်နေတာကိုလည်း သူသိ၏။

မေနန်းဟွားသည် လဲ့ကျီလက်ပေါ်တွင် အငြိမ်မနေ။ ခေါင်းကိုစောင်းလျက် လဲ့ကျီ၏လည်တိုင်ကို ကိုက်လိုက်တော့သည်။

"အင့်..... အရှင့်သား!"

လဲ့ကျီစိတ်တွေ အတော်ထိန်းထားရသည်ကို မေနန်းဟွားက လာလာဆွနေ၏။ သူတစ်ချက် ကိုက်လိုက်စဥ် အစကတည်းက ယိုင်နေတဲ့စိတ်ကြောင့် ဓားပျံတောင် အနည်းငယ် တိမ်းစောင်းသွားရသည်။

တည်းခိုခန်းဆီသို့ ဖွင့်ထားသော ပြတင်းပေါက်ကနေပဲ ဝင်ခဲ့၏။ အခန်းထဲ ရောက်လျှင်ရောက်ချင်း မေနန်းဟွားကို ခုတင်ပေါ်ချပေးပြီး ရေဇလုံး ပြေးယူရန်ပြင်သည်။ မေနန်းဟွား ဘာဖြစ်နေသလဲ သူသိပေမယ့် အဲ့ဒီဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် နောက်တစ်ဆင့်ကို သူမလုပ်ချင်ပါ။

System created (Completed)Tahanan ng mga kuwento. Tumuklas ngayon