💜Part (9)💜

7.5K 864 16
                                    

Unicode
System created

                     💜9💜

        သူကိုယ်တိုင် သူ့လက်နက်နဲ့ သတ်လိုက်တာကို ဘယ်လိုလုပ်များ ယောင်းပုက ဝိညာဥ်စွမ်းအားနဲ့ အသက်ရှိနေသေးတာလဲ စသည့်အတွေးဖြင့် သခင်ယောင်းသည် တဖြည်းဖြည်း ခေါင်းရှုပ်လာသည်။ သူတဖြည်းဖြည်း မျက်မှောင်ကျုံ့၍ တွေးတောနေတာကို မြင်သောအခါ မေနန်းဟွားက ။

"သခင်ယောင်း.... စိတ်အေးအေးထားပါ ကျွန်တော်တို့ သခင်မရင်ကို ကယ်နိုင်ပါသေးတယ်"
"ဟုတ်ပါတယ် အစ်ကိုယောင်း.... ယောင်းပုက သခင်မရင်ကိုယ်ထဲ ဝင်နေတာဆိုပေမယ့် သူ့ရဲ့နောက်ဝိညာဥ်တစ်ခုက ဒီကျောက်စိမ်းထဲမှာရှိနေတယ်"

"မင်းခံစားမိလား"

       သခင်ယောင်း လဲ့ကျီကိုလှည့်မေးလိုက်သည်။

"အင်း..... ကျင့်ကြံသူတိုင်း ဝိညာဥ်သုံးခုရှိတယ်လေ အစ်ကိုသူ့ကိုသတ်တုန်းက ဝိညာဥ်တစ်ခုက သေသွားပြီး နောက်နှစ်ခုက တစ်နေရာစီရှိနေတာ "
"တစ်ခုက ကျောက်စိမ်းထဲမှာ နေနေတယ်.... သူကကျင်းရှန်းကျောက်စိမ်းကို အသုံးချပြီး ဝိညာဥ်မိစ္ဆာဖြစ်ချင်နေတာကိုး"

"အမှန်ပဲ"

       သခင်ယောင်းသည် စိတ်ရှုပ်ထွေးနေရာမှ သတိဝင်လာကာ ခေါင်းညိတ်ထောက်ခံလာသည်။ ယောင်းပုက သူ့ဇနီးကို ထိပါးစော်ကားလာတဲ့အတွက် သခင်ယောင်းသည် ဒေါသထွက်ပြီး ညီအရင်းကိုတောင် သတ်ပစ်ခဲ့တာ ပစ်လေ၏။

       ကျိုက်လဲ့ကျီ ပြောသလို သူ့ဝိညာဥ်သုံးခုထဲက တစ်ခုကသေဆုံးသွားပြီး ကျန်တစ်ခုက လွင့်မျောနေကာ နောက်ဆုံးတစ်ခုကတော့ ကျင်းရှန်ကျောက်စိမ်းထဲ ဝင်ခိုနေခဲ့သည်။ ကျင်းရှန်မျိုးနွယ်တိုင်းတွင် ဝိညာဥ်ကျောက်စိမ်းပြား တစ်ခုဆီရှိသည်။

       ကျင်းရှန်ကျောက်စိမ်းဆိုတာက ကျင့်ကြံခြင်းလောကတွင်ရှိသော သိဒ္ဓိစွမ်းအင်အပြည့်ရှိတဲ့ ရတနာတွေများစွာထဲက တစ်ခုဖြစ်လေသည်။ ဝိညာဥ်ကို ချုပ်နှောင်နိုင်သလို ဝိညာဥ်ခိုကပ်နိုင်၏။ ပိုင်ရှင်က အသိစိတ်မဲ့နေပါက လေလွင့်ဝိညာဥ်အတွက် အခွင့်အရေးပိုရလေဖြစ်သည်။

System created (Completed)Where stories live. Discover now