💜Part (61)💜

4.4K 565 10
                                    

Unicode
System created

                       💜61💜

        ချီလျန်ဟွ၏ အိပ်ဆောင်ကနေ ပြန်လာသည့် အပြန်လမ်းတွင် လဲ့ကျီဘာကြိုက်သလဲကို သူကိုယ်တိုင် မေးမြန်းရန် ဆုံးဖြတ်လိုက်တော့သည်။

["မစ်ရှင်အောင်မြင်မှုအတွက် ပွိုင့်၂၀၀ ရရှိပါသည်.... လူကြီးမင်း၏စုစုပေါင်းပွိုင့် ၂၂၀၀....]

        မေနန်းဟွား ဝါးရုံလမ်းကြားမှ ဖြတ်လျှောက်လာစဥ် ခြေလှမ်းတို့က ရပ်သွားခဲ့၏။ လဲ့ကျီက ချီလျန်ဟွဆီကနေ မုန့်တစ်ခု ယူစားခဲ့တဲ့အကြောင်းက သူ့ခေါင်းကို အတော်လေး နှိပ်စက်နေသည်။

        ထိုအဝါရောင် ပန်းမုန့်လေးက သူတို့အခန်းထဲမှာလည်း လာချပေးထားသည်လေ။ လဲ့ကျီက သူတို့အခန်းထဲက မုန့်ကိုကျ တစ်နေ့မှ တစ်ကြိမ်မှမတို့ဘဲ ဘာစိတ်ကူးပေါက်ပြီး ချီလျန်ဟွဆီကဟာကို သွားစားရတာလဲ။

        သူဆက်လျှောက်လာခဲ့သည်။ ထိုအခိုက် တပည့်တစ်ယောက်က အဝါရောင်မုန့်များ ထည့်ထားသော ပန်းကန်ကိုကိုင်ပြီး သူ့အရှေ့က ဖြတ်သွားတာကို တွေ့ရလေ၏။

"ခဏလေး....."

        လူငယ်လေးက ကိုယ်ကိုကိုင်းလျက် မေနန်းဟွားကို ဂါဝရပြုသည်။

"သခင်လေး..... ဘာကိစ္စများရှိလို့လဲ"
"အဲ့ဒါဘယ်သူ့အတွက်လဲ"

"ဒါဂိုဏ်းချုပ်လဲ့အတွက်ပါ"
"ဟင် မင်းတို့သူ့ကို ဂိုဏ်းချုပ်လို့တောင် ခေါ်နေပြီလား"

["ဇာတ်လိုက်ကိုမုန့်သွားပို့ပြီး ပွိုင့်ရယူပါ"]

"ဟဲဟဲ.... သူကကျွန်တော်တို့ဂိုဏ်းကို ပြန်ကယ်တင်ပေးမယ့်သူလို့ ကျွန်တော်တို့အားလုံးက ယုံကြည်ပြီးသားပါ.... သူကဂိုဏ်းချုပ်တင်မြှောက်ပွဲ မလုပ်လည်း ကျွန်တော်တို့ရင်ထဲက သူကဂိုဏ်းချုပ်ဖြစ်နေပါပြီ"
"အော် အဲ့လိုကိုး..... သူအခုဘယ်မှာလဲ"

"ဂိုဏ်းချုပ်က တောင်ခြေမှာရှိပါတယ်"
"ဒီမုန့်ငါသူ့အတွက် သွားပို့လိုက်မယ်"

"ကောင်းပါပြီ"

        မေနန်းဟွား လူငယ်လေးဆီက မုန့်ပန်းကန်ကိုင်လျက် တောင်ခြေသို့ဆင်းလာခဲ့သည်။ လမ်းတစ်လျှောက်လုံး သူဟာမုန့်ကိုကြည့်ပြီး ပြုံးနေခဲ့၏။ သူကအခုဆို လဲ့ကျီရဲ့အိမ်ထောင်ဖက် နေရာမှာ ရောက်နေပြီ မဟုတ်ပါလား။

System created (Completed)Where stories live. Discover now