💜Part (83)💜

6.1K 649 11
                                    

Unicode
System created

                      💜83💜

"ဟုန်းအာ..... ဇီယဲ့ဝမ် မင်းကိုလာရှာသေးတယ်ဆို"
"အွန်း....."

"သူမင်းကို ဘာလုပ်သွားသေးလဲ"
"ဟင့်အင်း.... သူကငါဘယ်သူလဲဆိုတာ မသိသေးဘူး "

        ယခုအခါတွင် စုန်ဟုန်းဟိုင် မျက်နှာတွင် ငွေရောင်မျက်နှာဖုံးကို အပြည့် မဝတ်ဆင်ထားဘဲ အပေါ်မျက်နှာတစ်ခြမ်းကိုသာ ဖုံးကွယ်ထားသည်။ ဤသည်က သူ့အတွက် ပိုအဆင်ပြေသည်လေ။

"လဲ့ကျီ တောင်ခြေမှာ ဆေးဖော်ပြီးရင် မင်းဘာဆက်လုပ်မှာလဲ"
"ကြိုးကြာတောင်ပံလေးက လေးပိုင်း ပိုင်းခံလိုက်ရပြီ.... အဲ့ဒါကို ပြန်ရဖို့အတွက် လိုက်ရအုံးမယ်"

"ကောင်းပြီ ငါမင်းနဲ့အတူ လိုက်မယ်"
"အွန်း"

"ပါ့ပါး.... ဗိုက်ဆာတယ်"

       လှည်း၏ပိတ်စကို လှပ်၍ အားချုံးက ဒူးကလေးနှစ်ဖက်ကျုံ့ကာ ထွက်လာသည်။ ထိုမှတစ်ဆင့် စုန်ဟုန်းဟိုင်၏ပေါင်ပေါ် တက်သွား၏။ မနက်စာ စားရန် အသင့်ရှိသော လမ်းဘေးစားသောက်ဆိုင်လေးနား ရောက်သောအခါ လဲ့ကျီက လှည်းကိုရပ်လိုက်သည်။

       သူတို့သည် သန့်ပြန့်သော အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး လူကြီးလူကြီးဆန်သော ပုံသဏ္ဍာန်နဲ့က လဲ့ကျီ၊ ဖြူဖြူဖွေးဖွေး လှပသော အသွင်နှင့် စုန်ဟုန်းဟိုင်တို့သည် ထိုလမ်းဘေး ဆိုင်ကလေးတွင် ဝင်ထိုင်လိုက်ကြသည်။

        ဆိုင်ရှင်ကတော့ သူတို့ဆိုင်လေးကို ပိုက်ဆံရှိ သူဌေးကြီးတွေ လာစားသည်ဟုထင်ကာ မျက်နှာကို အတောက်ပဆုံး ပြုံးထားကြသည်။ လဲ့ကျီက စားပွဲထိုးလေးအား သူတို့အတွက် ရသလောက်မနက်စာလေး လုပ်ပေးရန် မှာလိုက်သည်။

        လဲ့ကျီသည် သူ့တွင် မိသားစုဝင်တစ်ယောက် တိုးလာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ တကယ်ကို လုံးဝ လုံးဝမထင်ထားတဲ့ အရာပဲဖြစ်သည်။ သူကယောကျ်ား ဖြစ်ပြီး သူချစ်တဲ့သူကလည်း ယောကျ်ားတစ်ယောက်မို့ သူတို့တွင် သားသမီးမထွန်းကားနိုင်ဘူးလို့ မှတ်ယူခဲ့သည်။

        သားသမီးမရလည်း သူကတော့ သူချစ်တဲ့သူ ဘေးမှာရှိရင် ဆံဖြူသွားကျိုးတဲ့အထိ အတူတူနေသွားရန်သာ ဆန္ဒရှိခဲ့သည်။ ယခုတော့ သူ့မှာသားလေးတစ်ယောက် ရခဲ့ပြီလေ။

System created (Completed)Where stories live. Discover now