💜Part (104)💜

3.3K 394 3
                                    

System created

                      💜104💜

        သူအနောက်ကို ပြန်လှည့်ကြည့်သော် ငုတ်တုတ်ထိုင်နေတဲ့ သူ့ကိုယ်သူကိုသာမက သူ့ဘေးတွင် ထိုင်နေတဲ့ ချစ်ရသူလေးကိုပါ တွေ့လိုက်ရသည်။ ခန္ဓာကိုယ်ကနေ ဝိညာဉ်ကို ခွဲထွက်ထားတာကြောင့် ဘယ်သူမှ သူ့ကိုမမြင်ရပေ။

        စုန်ဟုန်းဟိုင်က သူ့လက်တစ်ဖက်ကို ကိုင်လျက် သူ့ကိုသာ ကြည့်နေတာတွေ့ရတော့ သူ့နှလုံးသားလေး နူးညံ့သွားသည်။ သူ ထိုသူလေးအပေါ် ချစ်တဲ့အချစ်ထက် ထိုလူသားလေးက သူ့အပေါ်ကို ပိုချစ်နိုင်တယ်ဆိုတာကို သူသိသည်။

        ကျောက်စိမ်းဖြူလေးကို ငေးနေမိတာနဲ့ မိမိခန္ဓာကိုယ်ထဲက ထွက်လာရသည့် အကြောင်းအရင်းကို မေ့တော့မည်။ လဲ့ကျီ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မတ်တပ်ရပ်လျက် သူ့ကိုကြည့်နေသော ပိုင်ချင်းယောင်ကို တွေ့ရလေသည်။

"ချင်းမိန်းကလေး...."
"မင်းသား.... သမားတော်စုန်ကို ပြောပေးပါ ကျွန်မကိုကယ်လို့ မရတော့ရင် မကယ်ပါနဲ့တော့လို့"

"မင်းဝိညာဉ်က ဘယ်လိုလုပ် အပြင်ကိုရောက်လာတာလဲ"

       ပိုင်ချင်းယောင်က တစ်ခုခုပြောပြရန် လဲ့ကျီဆီကို လျှောက်လာသည်။ တစ်ဖက်မှာတော့ စုန်ဟုန်းဟိုင်သည် လဲ့ကျီလက်ကိုကိုင်လျက် စိတ်ပူပန်နေရ၏။ ခန္ဓာကိုယ်ကနေ ဝိညာဉ်ထွက်ပြီး ဝိညာဥ်လောကထဲ ဝင်ရောက်တာက အန္တရာယ်သိပ်မများသော်လည်း ချစ်တဲ့စိတ်က စိတ်မချဖြစ်စေသည်။

       နာရီဝက်လောက် ကြာသွားသည်။ လဲ့ကျီ သတိပြန်မဝင်လာသေး။ သခင်ကြီးနဲ့ ပိုင်ရှင်းက ဆက်သွားရန်အတွက် လာပြောနေကြပြီ။ အားလုံးက လဲ့ကျီသည် သူ့စွမ်းအင်တွေကို သုံး၍ အရှေ့ကို ကြိုတင်သွားကြည့်တယ်လို့သာ ထင်နေကြ၏။

        သခင်ကြီး ထွက်သွားပြီးနောက် လဲ့ကျီ မျက်လုံးဖွင့်၍ သတိရလာသည်။

"လဲ့ကျီ....."

        လဲ့ကျီ စုန်ဟုန်းဟိုင်လက်ကလေးကို နှုတ်ခမ်းနားတေ့ကာ နမ်းလိုက်သည်။

"စိတ်ပူသွားလား"
"အင်း.... ပြန်လာတာကောင်းတယ် ဘယ်လိုလဲ"

"ကိုယ်တို့ဆက်သွားရအောင်"
"အင်း"

System created (Completed)Where stories live. Discover now