💜Part (124)💜

3K 344 2
                                    

System created

                      💜124💜

"မင်းသိလား.... တိမ်ယံမြို့ကြီး ဖြစ်လာအောင် အဲ့ဒီသမားတော်ကပဲ စတည်ခဲ့တာ"
"အဲ့ဒီအကြောင်းကို ကျွန်တော်ကြားမိတယ်... ပြီးတော့ ဒီတောင်ထွတ်မှာ အသက်ငယ်ငယ်နဲ့ ဆေးပညာတတ်တဲ့ ကလေးလည်းရှိတယ်ဆို"

        ကုန်သည်ကြီးက ခေါင်းညိတ်ပြ၏။

"ဟုတ်တယ်... အသက်၅နှစ်နဲ့ ဆေးပညာ ပထမအဆင့်ကို ချိုးဖောက်သွားတဲ့ ကလေးလေ.... နာမည်က ကျင်းယောင်းယွမ်တဲ့ စောစောက သမားတော်ရဲ့တပည့်.... နောက်ပြီး ရှိသေးတယ်ကွ "
"ဘာလဲ"

"တိမ်လွှာရှစ်ဖော်လေ"
"တိမ်လွှာရှစ်ဖော်?"

"ဟုတ်တယ်.... သူတို့တွေကလည်း အရွယ်မရောက်ကြသေးတဲ့ ကလေးတွေပဲ... ဒါပေမယ့် မင်းအထင်မသေးနဲ့နော် သူတို့ထဲက အကြီးဆုံးတစ်ယောက်ဆိုရင် မင်းညီမလေးရဲ့ ကျင့်ကြံခြင်းအဆင့်ကို ခုခံနိုင်တယ် "

       လူငယ်က မျက်မှောင်ကျုံ့ကြည့်လိုက်သည်။ အဲ့ဒါကတော့ မဖြစ်နိုင်တာပဲ။ သူ့တုန်းကတောင် အသက်၁၅ရောက်မှ ကျင့်ကြံခြင်းအဆင့် အားကောင်းလာခဲ့တာလေ။ သူ့ညီမလေးကလည်း မကြာသေးခင်ကမှ အဆင့်၂ကို ချိုးဖောက်ထားတာ။

        ထိုအဆင့်တစ်၊ အဆင့်နှစ်များသည် လူငယ်၏မိသားစုမှ ကျင့်ကြံခြင်းအဆင့်ကို ဆိုလိုခြင်း ဖြစ်လေသည်။ ကုန်သည်သူဌေးကြီးက လူငယ်လေးနဲ့ သူ့ညီမကို ထားခဲ့ပြီး သူကတော့ တောင်အောက်ပြန်ဆင်းသွားခဲ့၏။ သူ့မှာက ကုန်သွယ်ဖို့အတွက် ကိစ္စတွေ ရှိနေသေးတယ်လေ။

        လွန်ခဲ့တဲ့ နှစ်၅၀၀ ခန့်လောက်က တိမ်လွှမ်းတောင်ထွတ်သည် အင်မတန် ကြီးကျယ်မြင့်မြတ်သော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးလို့ သူ့ရဲ့မြေဧရိယာဟာလည်း ကြိုးကြာတောင်မြင့်ဂိုဏ်းထက်တောင် ကျယ်ပြန့်သေးသည်။ လေးလအတွင်း ထိုမြေများအားလုံးကို သခင်မရှန်းက သူ့နေရာနဲ့သူ အသုံးဝင်အောင် စီစဥ်ခဲ့၏။

        တိမ်လွှာရှစ်ဖော်အတွက် စာသင်ဆောင်နဲ့ အိပ်ဆောင်တွေဟာလည်း သီးသန့်ဖြစ်လာကာ ကျင်း​ယောင်းယွမ်နဲ့ လက်မှုပညာရှင် ကျောက်ယွင်းလူတို့အတွက်လည်း တစ်သီးတစ်သန့် ဖြစ်လာသည်။

System created (Completed)Where stories live. Discover now