💜Part (2)💜

11.8K 1.1K 26
                                    

Unicode
System created

                       💜2💜

       သူ့အခန်းထဲပြန်ရောက်သော် သမားတော်ဆီက လိမ်းဆေးတစ်ဘူးတောင်းကာ ကျိုက်လဲ့ကျီကို ဆေးလိမ်းပေးရန် ပြင်ရသည်။ ခေါင်းထဲတွင်တော့ system နဲ့ အလုပ်လုပ်နေ၏။ ဆေးဘူးတွေက systemထဲတွင် အမျိုးစုံအောင် ရှိနေတာကို တွေ့ရသည်။

      မှော်လက်နက်တွေကလည်း ဓာတ်ပုံဖလင်များနှယ် သူ့အကန့်နဲ့သူ ထားထားတာကို တွေ့ရ၏။ ဖုန်းမျက်နှာပြင်ပေါ်တွင် မြင်ရသော ဓာတ်ပုံတို့ကို လက်နဲ့ရွေ့ကြည့်ရသလိုပဲ system ရဲ့ ပုံတွေက အစုံရှိသည်။ သူသည် လဲ့ကျီကို ဆေးလိမ်းပေးရင်း system နဲ့အဆက်အသွယ်လုပ်နေခဲ့သည်။

        သူ့ခန္ဓာကိုယ်က ကျိုက်လဲ့ကျီလောက် မတောင့်တင်းသလို။ မာကျစ်သော လက်မောင်းကြွက်သား၊ ဝမ်းဗိုက်ကြွက်သား မရှိပေဘူး။ ကျိုက်လဲ့ကျီတွင်တော့ ထိုအရာတွေရှိနေသည့်အတွက် သူနည်းနည်းတောင် အားကျမိသည်။ သူဆိုအရင်ဘဝက အားကစားလိုက်စားလို့ ကြွက်သားတွေထွက်သည်လေ။

       ဒီဘဝက မေနန်းဟွားကတော့ အရင်ဘဝကသူနဲ့ တခြားစီပင်။ အထိမခံတဲ့ အသားအရေ။ မိန်းမလှနဲ့ အရက်ကြိုက်တတ်တဲ့အကျင့်။ အလွန်လှပလွန်းတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်။

("ငါဒီလိုပဲ ဆက်သွားရတော့မှာလား")

"အရှင့်သား....."

       လဲ့ကျီက သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လာ၏။

"ကျွန်တော်တကယ် အဆင်ပြေနေပါပြီ.... ဆေးကျွန်တော့်ဘာသာပဲ လိမ်းလိုက်ပါ့မယ်"

("မစ်ရှင်အောင်ပြီလား")
["မအောင်သေးပါဘူး"]

"ဘယ်ဖြစ်မလဲ.... မင်းကငါ့ကိုကယ်ခဲ့တဲ့သူ ပြီးတော့ ငါ့ကြောင့်ပဲမင်းအခုလို ဒဏ်ရာတွေရခဲ့တာလေ ငါမင်းကို ပြန်လုပ်ပေးသင့်တယ်လေ မဟုတ်ဘူးလား.... ဟိုဘက်လှည့်"
"မဟုတ်သေးဘူး အရှင့်သား.... ကျွန်တော်က နိမ့်ကျတဲ့သူပါ အရှင့်သားရဲ့ခန္ဓာကိုယ်ကို တကယ်မထိခဲ့သင့်ဘူး.... "

"မဟုတ်.... "
"ဒါကျွန်တော်ခံယူသင့်တဲ့အပြစ်ပါ.... အရှင့်သား အပြစ်ပေးတော်မူပါ"

System created (Completed)Where stories live. Discover now