💜Part (46)💜

4.5K 593 5
                                    

Unicode
System created

                      💜46💜

"အဆင်ပြေရဲ့လား"
"ပြေပါတယ်.... ကျွန်တော့်ကိုယ်ထဲက စွမ်းအားတွေ ထိုးထွက်လာတုန်းက ဒါတွေအားလုံးကို တစ်ခုစီလေ့ကျင့်ဖူးလို့ ဘာမှမဖြစ်ပါဘူး... အရှင့်သား စိတ်မပူပါနဲ့ "

       မေနန်းဟွား ခေါင်းညိတ်ခေါင်းခါတောင် မလုပ်မိတော့ဘဲ လဲ့ကျီနှုတ်ခမ်းက သွေးများအားလုံး ကုန်စင်သွားသည်အထိ သုတ်ပေးနေ၏။ စိတ်မပူနဲ့တဲ့လား။ သူဘယ်လိုလုပ် စိတ်မပူဘဲ နေမှာလဲ။

        သွေးတစ်လုတ်တောင် အန်ကျလာတာလေ။ လဲ့ကျီက ငွေအပ်တွေကို ပြန်နှုတ်ပြီး သိမ်းလိုက်သည်။

"ရပါပြီ ပြောင်နေပါပြီ"
"စွမ်းအားက ဘယ်လောက်တောင်ပြင်းလို့ မင်းသွေးအန်ရတာလဲ"

"အမှန်တိုင်းပြောရရင် ကျွန်တော့်ကိုယ်ထဲမှာ သွေးကြောကိုးခုရှိတယ်.... မဖွင့်ရသေးတဲ့ သွေးကြော လေးခုရှိသေးတယ် အခုဖွင့်လိုက်တာက နည်းနည်းပြင်းတဲ့ သွေးကြောမလို့ပါ.... "
"နည်းနည်းပြင်းတာ?"

"အင်း"
"နောက်သွေးကြောရဲ့ စွမ်းအားတွေက ပိုပြင်းမှာလား"

"ဟုတ်တယ်.... ကိုးရောင်ချုပ်အစီအရင်လိုပဲ သွေးကြောကိုးခုလေ ဒါနဲ့ အရှင့်သားလုပ်ပေးတဲ့ ကျင့်စဥ်စာအုပ်က တကယ်ကောင်းတယ်.... ကျေးဇူးတင်ပါတယ် အရှင့်သား"
"မလိုပါဘူး"

("ကျင့်စဥ်စာအုပ်ထဲ ထပ်ပေါင်းထည့်ပေးပါ....")
["ကောင်းပါပြီ.... ကျင့်စဥ်စာအုပ်ထဲ မှတ်တမ်းများ ထည့်သွင်းပြီးပါပြီ လူကြီးမင်း၏လက်ရှိပွိုင့် ၁၈၀၀... သွေးကြောဖွင့်မှုအတွက် ပွိုင့်၅၀၀ ထပ်ပေးလိုက်ပါပြီ လူကြီးမင်း၏လက်ကျန်ပွိုင့် ၂၃၀၀"]

       သွေးကြောဖွင့်ခြင်း ပြီးဆုံးပြီမို့ လဲ့ကျီ သူ့အဝတ်များကို ပြန်လည်ဝတ်ဆင်နေသည်။ မေနန်းဟွားက မီးတုတ်ကိုင်လျက် ရပ်စောင့်နေ၏။ အဝတ်ဝတ်ခြင်း ပြီးဆုံးသွားသောအခါ လဲ့ကျီကသည် မြေကြီးပေါ် ဒူးတစ်ဖက်ထောက် ထိုင်လိုက်သည်။

        လက်ငါးချောင်းထဲ သိဒ္ဓိစွမ်းအင်များ ပေါင်းစည်းကာ မြေကြီးပေါ်သို့ အသာချလိုက်သည်။ လမ်းသုံးလုံးထဲသို့ မြေခွေးမျက်ဝန်းဖြင့် လှမ်းမျှော်ကြည့်လိုက်သော် ဘယ်လမ်းက မိစ္ဆာစွမ်းအင်တွေ အများဆုံးရှိနေသလဲ ဆိုတာကို ခဏအတွင်း ရှာတွေ့လေသည်။

System created (Completed)Wo Geschichten leben. Entdecke jetzt