💜Part (12)💜

7K 845 9
                                    

Unicode
System created

                       💜12💜

       လဲ့ကျီက ဂရုမစိုက်သည့်ဟန်ဖြင့် မြင်း၏လည်ပင်းကိုသာ အသာပွတ်သပ်ပေးနေ၏။ လီချူး၏ ထပ်တွေ့ရမယ်ဟူသော စကားကို မေနန်းဟွား နားမလည်လိုက်ပေ။ သူ့မျက်နှာကိုကြည့်ကာ လီချူးက သဘောပေါက်သည့်ဟန်ဖြင့်။

"အာ နန်းဟွားမကြားသေးဘူး ထင်တယ်.... လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီး ရောက်လာတော့မှာလေ... ကိုယ်တို့က အဲ့ဒီပွဲအတွက် ပြင်ဆင်စရာတွေရှိလို့ လာကြတာ"
"အော် ဟုတ်ကဲ့ "

"ကောင်းပါပြီ ဒါဆိုနောက်မှတွေ့မယ်နော်"

       မေနန်းဟွားက ခေါင်းအသာညိတ်ပြလိုက်သည်။ လဲ့ကျီမှာတော့ မနက်ကတည်းက စကားစိပ်နေသော မေနန်းဟွားကို စိတ်ဆိုးချင်လာသည်။ ယောင်းအိမ်တော်ကနေ ​စထွက်ပြီး တည်းခိုခန်းဝင်၊ မြို့အပြင်ကို ရောက်လာတဲ့အထိ သူ့ကိုကျစကားမပြောဘူးလေ။

       လီချူးနဲ့ကျ စကားတွေပြောနေသည်တဲ့။ သူစိတ်ဆိုးချင်သော်လည်း မေနန်းဟွား သူ့ကိုအလိုမရှိတော့မှာ ပိုကြောက်မိတာကြောင့် သူစိတ်ဆိုးနေတာတွေကို သူ့ဘာသာပဲ ဖြေသိမ့်လိုက်ရသည်။

        သူက မြင်းပေါ်လွှားခနဲ ခုန်တက်လိုက်သည်။ အရင်အတိုင်း မေနန်းဟွားကို သူ့ရှေ့တွင် တင်၍ မြင်းကိုမနှေးမမြန်လွန်းသော အရှိန်ဖြင့် စတင်ထွက်ခွာခဲ့သည်။

("လဲ့ကျီ အသံတိတ်နေပါလား")

        အမြဲစကားများနေတတ်တဲ့ လဲ့ကျီက ဒီနေ့သူ့ကို စကားမပြောဘူးလေ။

["ဇာတ်လိုက် စိတ်ဆိုးနေပါသည်"]
("ဟင်.... သူစိတ်ဆိုးတာ systemက ဘာကိစ္စနဲ့ သတိပေးနေတာလဲ")

["ဇာတ်လိုက် စိတ်ကျေနပ်လျှင် လူကြီးမင်း၏ပွိုင့်များ ရရှိနိုင်ပါသည်"]

       မေနန်းဟွား တွေးလိုက်သည်။

("ငါသူ့ကို စိတ်ကျေနပ်အောင် နေပေးရင်....သူ့ရဲ့နှစ်သက်မှုကိုရမယ် အဲ့တာဆိုရင် ငါ့ပွိုင့်တွေ တိုးလာမယ်ပေါ့")

       သို့နှင့် သူ့ဘက်ကပဲ လဲ့ကျီကို စကားစပြောရန် စဥ်းစားလိုက်သည်။

System created (Completed)Where stories live. Discover now